
မန်စီးတီးနဲ့ ချဲလ်ဆီး အသင်းတို့ဟာ ဆောက်သမ်တန် နောက်တန်းမှာ ခြေစွမ်း ပြနေတဲ့ ဗဟိုနောက်တန်း ကစားသမား ဗန်ဒစ်ဂ်ျကို ခေါ်ယူဖို့ အပြိုင် ကြိုးစား နေပါတယ်။
အသက် ၂၅ နှစ်ရှိ နယ်သာလန် ကစား သမား ဗန်ဒစ်ဂ်ျကို မန်စီးတီး အသင်းက ခေါ်ယူဖို့ စတင်ပြင်ဆင် နေတာဖြစ်ပြီး ချဲလ်ဆီး အသင်းကပါ ခေါ်ယူ လိုနေ တာကြောင့် ဇန်နဝါရီ အပြောင်း အရွှေ့မှာ အပြိုင် ကမ်းလှမ်းဖို့ ရှိနေ ပါတယ်။
ဗန်ဒစ်ဂ်ျကို ခေါ်ယူလိုတဲ့ အသင်းတွေအနေနဲ့ ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းခန့် ပေးချေရဖွယ်ရှိပါတယ်။
ဆောက်သမ်တန်အသင်းဘက်ကတော့ ဗန်ဒစ်ဂ်ျရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးထားတာ မရှိသေးပါဘူး။
ဗန်ဒစ်ဂ်ျဟာ ပြီးခဲ့တဲ့နှစ်ကမှ စကော့တန်ကလပ် ဆဲလ်တစ်အသင်းကနေ ပြောင်းရွှေ့လာတာဖြစ်ပြီး ဆောက်သမ်တန်ခံစစ်မှာ ခြေစွမ်းပြကစားနေတာကြောင့် အသင်းကြီးတွေ ခေါ်ယူလိုတဲ့ ကစားသမားတဦး ဖြစ်ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/182034

No comments:
Post a Comment