
တင်းနစ် အားကစားမှာ ကမ္ဘာ့ နံပါတ်တစ်ဟောင်း ဖြစ်တဲ့ အီဗန်နိုဗစ်က တင်းနစ် ကစားတာ ကနေ အနားယူတော့မ ယ်လို့ ကြေညာ လိုက်ပါတယ်။
အသက် ၂၉ နှစ် အရွယ် အီဗန်နိုဗစ်ဟာ အမြင့်ဆုံး စွမ်းဆောင်နိုင်ရည်နဲ့ ရေရှည်မှာ ကစားနိုင်မှာ မဟုတ်တော့လို့ အနားယူ လိုက်တာ ဖြစ်ကြောင်း ဆိုပါတယ်။
အီဗန်နိုဗစ်ဟာ ဆားဘီးယားနိုင်ငံသူတွေထဲကနေ ဂရန်းစလန်း ဆုဖလားကို ပထမဆုံး ဆွတ်ခူးနိုင်တဲ့သူ အဖြစ်လည်း မှတ်တမ်းတင်ထားပါတယ်။
သူဟာ ပြင်သစ်အိုးပန်း ချန်ပီယံဆုကို ၂၀၀၈ မှာ ရယူထားပါတယ်။
ဆားဘီးယားတင်းနစ်မယ် အီဗန်နိုဗစ်ဟာ လောလောဆယ် ကမ္ဘာ့အဆင့် ၆၃ နေရာမှာရှိပြီး ဒီနှစ်ထဲမှာ ဂျာမန်လက်ရွေးစင် ဘောလုံးသမားဟောင်း ရှဝိန်းစတိုင်ဂါနဲ့ လက်ထပ်ထားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/181898





No comments:
Post a Comment