
တရုတ် စူပါလိဂ် ကလပ် တခုက တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို ပေါင်သန်း ၂၅၀ ပေးပြီး ကမ်းလှမ်း ခဲ့တယ်လို့ အေးဂျင့် ဖြစ်သူက ပြောဆို လိုက်ပါတယ်။
ဒါပေမယ့် အသက် ၃၁ နှစ် အရွယ် တိုက်စစ်မှူးက တရုတ်ဘက်က ကမ်းလှမ်း ချက်ကို စိတ်မဝင်စား ဘူးလို့လည်း ဆိုထား ပါတယ်။
အေးဂျင့်ဖြစ်သူ ကတော့ ငွေနဲ့ အရာရာကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘဲ ရီးရဲလ် အသင်းကသာ သူ့ရဲ့ဘဝ ဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မန်စီးတီးနဲ့ မန်ယူ တိုက်စစ် မှူးဟောင်း တီဗက်ဇ်ကို တရုတ်ကလပ် ရှန်ဟိုင်း ရှန်ဟွာအသင်းက ကမ္ဘာ့စံချိန်တင် လစာပေးပြီး ခေါ်ယူ ထားပါတယ်။
ပေါ်တူဂီ အသင်းခေါင်းဆောင်ဖြစ်တဲ့ ရော်နယ်ဒိုကတော့ ရီးရဲလ်အ တွက် နောက်ထပ် ၁၀ နှစ် အထိ ကစားပေး ချင်ကြောင်း ပြောဆို ထားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/181895

No comments:
Post a Comment