မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, December 28, 2016

ချဲလ်ဆီးကို အမှီလိုက်နိုင်ရန် ခက်ခဲသွားပြီဟု ဂွါဒီယိုလာ ပြော




ပရီးမီးယားလိဂ် အမှတ်ပေး ဇယားထိပ်မှာ ပြေးနေတဲ့ ချဲလ်ဆီးကို အမှီလိုက်နိုင်ဖို့ ခက်သွား ပြီလို့ မန်စီးတီး နည်းပြ ပက်ဂွါဒီယိုလာက ပြောပါတယ်။

မန်စီးတီးဟာ ပရီးမီးယားလိဂ် ဘောက်ဆင်ဒေး ကာလ အတွင်း မနေ့ကပွဲစဉ်မှာ ဟားစီးတီးကို အနိုင်ရ ထားပါတယ်။

ဒါပေမယ့်လည်း အမှတ်ပေးဇယားထိပ်က ချဲလ်ဆီးနဲ့ ၇ မှတ် အကွာ တတိယနေရာမှာ ရှိနေပါတယ်။

ဒီတကြိမ် ချန်ပီယံဖြစ်မှာကတော့ ချဲလ်ဆီးနဲ့ လီဗာပူး ၂ သင်းထဲက တသင်းဖြစ်လိမ့်မယ်လို့လည်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ခန့်မှန်းပါတယ်။

မန်စီးတီးနည်းပြ ခန့်မှန်းတဲ့ လီဗာပူးနဲ့ ချဲလ်ဆီးတို့ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက အဆင့် ၈ နဲ့ အဆင့် ၁၀ ပဲ ရထားလို့ ဒီနှစ်ရာသီ ဥရောပပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် မရပါဘူး။

ဓာတ်ပုံ - ရိုက်တာ

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/181615

No comments:

Post a Comment