မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, December 28, 2016

ဆွမ်ဆီးအသင်း နည်းပြ ဘော့ဘရက်ဒလေ ရာထူးမှထုတ်ပယ်ခံရ




ပရီးမီးယားလိဂ် ကလပ် ဆွမ်ဆီး အသင်းက အမေရိကန် နိုင်ငံသား နည်းပြ ဘော့ဘရက် ဒလေကို ထုတ်ပယ် လိုက်ပါတယ်။

နည်းပြသ က်တမ်း ၈၅ ရက် အကြာမှာ ဆွမ်ဆီးက နည်းပြ ဘရက်ဒလေနဲ့ လမ်းခွဲ လိုက်တာပါ။

ဆွမ်ဆီးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်က အိမ်ကွင်းမှာ ဝက်စ်ဟမ်းကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့် ခဲ့ပါတယ်။ ဒါဟာ နည်းပြ ဘရက်ဒလေ တာဝန်ယူပြီး ၁၁ ပွဲမှာ ၇ ပွဲမြောက် ရှုံးပွဲတွေ့တာပါ။

နည်းပြ ဘရက်ဒလေဟာ ပရီးမီးယား လိဂ်မှာ ပထမဆုံး တာဝန်ယူတဲ့ အမေရိကန် နည်းပြလည်း ဖြစ်ပါတယ်။

လောလောဆယ် ဆွမ်ဆီး အသင်းဟာ ၁၂ မှတ်နဲ့ အမှတ်ပေး ဇယားရဲ့ အဆင့် ၁၉ မှာ ရှိနေပါတယ်။

ဆွမ်ဆီးဟာ နည်းပြသစ် မရသေးခင်မှာတော့ အသင်းမှာရှိတဲ့ လက်ထောက်နည်းပြတွေက တာဝန်ယူ ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။

အထုတ်ခံလိုက်ရတဲ့ နည်းပြ ဘရက်ဒလေဟာ အမေရိကန်၊ နော်ဝေနဲ့ ပြင်သစ်တို့မှာ နည်းပြအဖြစ် ကျင်လည်ခဲ့ဖူးပါတယ်။

ဓာတ်ပုံ - Getty Images

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/181589

No comments:

Post a Comment