
ဒီဇင်ဘာ ၂၈ ရက်ညက ပရီးမီးယားလိဂ် ပွဲစဉ်မှာ လီဗာပူးက စတုတ် စီးတီးကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး အမှတ်ပေး ဇယား ဒုတိယ နေရာကို တက်လှမ်း သွားပါတယ်။
စတုတ် စီးတီးက ပွဲအစ ၁၂ မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူပြီး လီဗာပူးအသင်း နောက်ကနေ လိုက်ကစား ခဲ့ရပါတယ်။
ချေပဂိုးကို ၃၄ မိနစ်မှာ လယ်လာနာက သွင်းယူပြီး ဒုတိယဂိုးကို ၄၄ မိနစ်မှာ ဖာမီနိုက သွင်းယူပါတယ်။
စတုတ်ကတော့ ပရီးမီးယားလိဂ်မှာ ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်သွားတာပါ။
လီဗာပူးဟာ စတုတ်ကို ဒီပွဲမှာ ခက်ခက်ခဲခဲ ယှဉ်ပြိုင်သွားရပြီး တတိယဂိုးကို တဘက်ကစားသမား ကိုယ့်ဂိုးကိုယ် သွင်းမိရာကနေ ရသွားတာပါ။
အပိတ်ဂိုးကိုတော့ တိုက်စစ်မှူး စတာရစ်က မိနစ် ၇၀ မှာ သွင်းယူပါတယ်။
ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ လီဗာပူး နောက်တန်းကစားသမား ဂျိမ်းစ်မေနာက ရရှိသွားပါတယ်။
ဒီပွဲနိုင်တဲ့ လီဗာပူးက အမှတ် ၄၀ နဲ့ ဇယားထိပ်က ချဲလ်ဆီးရဲ့နောက် ၆ မှတ်အကွာကို ရောက်ရှိသွားပါတယ်။
စတုတ်ကတော့ ၂၁ မှတ်နဲ့ အဆင့် ၁၃ မှာ ရပ်တည်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/181580

No comments:
Post a Comment