
မန်ယူ ကွင်းလယ် ကစားသမား ရှနိုက် ဒါလင်းကို ခေါ်ယူဖို့ အဲဗာတန် အသင်းက စိတ်ဝင် စားနေ ပါတယ်။
အပြောင်း အရွှေ့အတွက် အသင်း ၂ အသင်းကြားမှာ ဆက်သွယ် လုပ်ဆောင် နေပေမယ့် အပြီးသတ် သဘော တူညီမှုတော့ မရသေးပါဘူး။
မန်ယူက ပြင်သစ် ကွင်းလယ် လူကို ပေါင် ၂၅ သန်းနဲ့ ၂၀၁၅ ခုနှစ်မှာ ဆောက်သမ်တန် အသင်းကနေ ခေါ်ယူ ထားတာပါ။
အသက် ၂၇ နှစ် အရွယ် ရှနိုက်ဒါလင်းဟာ မန်ယူ နည်းပြရဲ့ ရေရှည် စီမံကိန်းမှာ ပါဝင်ခြင်း မရှိတဲ့ အတွက် အသင်းပြောင်းတာ ဖြစ်ပါတယ်။
ကွင်းလယ်ကစားသမားဟာ ဒီနှစ် ပရီးမီးယားလိဂ်ရာသီမှာ မန်ယူအတွက် ၁၁ မိနစ်ပဲ ကစားခွင့် ရထားပါတယ်။
မန်ယူမှာ ပွဲထွက်ခွင့်မရဖြစ်နေတဲ့ တိုက်စစ်မှူး ဒီပေးကိုလည်း ဂျာမန်နဲ့ အီတလီကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/180757





No comments:
Post a Comment