မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, January 22, 2017

ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ဘယ်တော့မှ လက်မလျှော့ဟု ဂွာဒီယိုလာ ပြော




ဇန်နဝါရီ ၂၂၊ မန်ချက်စတာ။ ။ စပါး အသင်းနှင့် နှစ်ဂိုးစီ သရေကျပြီး ချန်ပီယံ မျှော်လင့်ချက် ထိခိုက် ခဲ့ရသော်လည်း ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ဘယ်တော့မှ လက်မလျှော့ဘဲ ဆက်လက် တိုက်ပွဲဝင် သွားဦးမည်ဟု မန်ချက်စတာ စီးတီး နည်းပြ ပက်ဂွာဒီယိုလာက ပြောသည်။

လီရွိုင်းဆိန်းနှင့် ကီဗင်ဒီဘရိုင်း တို့သည် စပါး ဂိုးသမား လိုရစ်၏ အမှားမှ တစ်ဆင့် ဂိုးသွင်းနိုင် ခဲ့ကြသော်လည်း စပါးအသင်းမှ ဒယ်လီ အယ်လီနှင့် ဆွန်ဟောင်မင်တို့က ပြန်လည်ချေပ ခဲ့ကြသဖြင့် သရေ ကျခဲ့သည်။

ပရီးမီးယားလိဂ်နောက်ဆုံးလေးပွဲတွင်တစ်ပွဲသာအနိုင်ရခဲ့သည့် စီးတီးအသင်းသည် ဟားလ်စီးတီးနှင့် ကစားရခြင်းမရှိသေးသည့် အမှတ်ပေးဇယားထိပ်မှ ချယ်လ်ဆီးအသင်းနှင့် ကိုးမှတ်ကွာဟနေပြီး အဆင့် ၅ နေရာတွင်ဆက်လက်ရပ်တည်နေသည်။

ပြီးခဲ့သည့်တစ်ပတ်တွင်အဲဗာတန်အသင်းကို ၄-၀ ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက် ချယ်လ်ဆီးနှင့် အမှတ်ပြတ်သွားမှုအပေါ် ညည်းတွားခဲ့ သော်လည်း နောက်ရာသီ အတွက်သာပြင်ဆင်နေပြီဆိုသော သတင်း များကိုမူ ဂွာဒီယိုလာက ပယ်ချခဲ့သည်။

ချန်ပီယံဆုကိုလက်လျှော့ပြီလားဟု ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင်မေးမြန်းခံရသည့် ဂွာဒီယိုလာက “ကျွန်တော် အဲဒီလိုမပြောခဲ့ပါ ဘူး။ ကျွန်တော်ပြောခဲ့တာက ‘ကျွန်တော်တို့ချန်ပီယံဆုကိုလက်လျှော့ပြီလို့ မီဒီယာတွေကပြောနေတယ်’ ဆိုပြီး ပြောခဲ့တာပါ။

ဒါပေမဲ့ ကျွန်တော်ကတော့ဘယ်တော့မှ အရှုံးမပေးပါဘူး။ ခက်ခဲသွားနိုင်တယ်။ မှန်တာပေါ့။ ဒါပေမဲ့ ကျွန်တော်အခုမစိုးရိမ်ပါဘူး” ဟု ပြောသည်။

Ref; goal.com

From : မဇ္ဈိမ မီဒီယာ By: ဝေဘုန်းလူ

Originally published at - http://mizzimaburmese.com/article/22641

No comments:

Post a Comment