မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, January 21, 2017

ဟားစီးတီး ကွင်းလယ်လူကို ၀က်စ်ဘရွန်းက ပေါင် ၁၀ သန်းဖြင့် ခေါ်ယူ




ဝက်စ်ဘရွန်း အသင်းဟာ ဟားစီးတီး ကွင်းလယ် ကစားသမား လစ်ဗာမိုးကို ပေါင် ၁၀ သန်းနဲ့ အပြီးသတ် စာချုပ် ခေါ်ယူ လိုက်ပါတယ်။

အသက်၂၇ နှစ်ရှိ အင်္ဂလန် ကစားသမား လစ်ဗာမိုးဟာ စပါး အကယ်ဒမီထွက် ကစားသမား တစ်ဦးဖြစ်ပြီး ၀က်စ်ဘရွန်းနဲ့ ၄ နှစ်ခွဲ စာချုပ် ချုပ်ဆို ခဲ့ပါတယ်။

လစ်ဗာမိုးဟာ ဘောလုံး ကျွမ်းကျင်မှုကောင်းမွန်ပြီး စပါးအသင်းမှာ ရှိစဉ်ကတည်းက ကြိုက်နှစ်သက်တဲ့ ကစားသမားဖြစ်တယ်လို့ ၀က်စ်ဘရွန်းနည်းပြ တိုနီပူးလစ်က ပြောပါတယ်။

လစ်ဗာမိုးဟာ ၂၀၁၂ ခုနှစ်က အင်္ဂလန်လက်ရွေးစင်အသင်းမှာ စတင်ရွေးချယ်ခံခဲ့ရပြီး လက်ရှိအချိန်ထိ လက်ရွေးစင်အသင်းမှာရွေးချယ်ခံရခြင်းမရှိတော့ပေမယ့် အင်္ဂလန်အသင်းမှာ ကစားဖို့ထိုက်တန်တယ်လို့လည်း ၀က်စ်ဘရွန်းနည်းပြက ပြောပါတယ်။

အသက်၂၇ နှစ်ရှိ ကွင်းလယ်ကစားသမား လစ်ဗာမိုးဟာ ဟားလ်စီးတီးအသင်းမှာ ကစားခဲ့ တဲ့ လေးရာသီအတွင်း မှာ ၁၄၄ ပွဲကစားခဲ့ပြီး ၉ ဂိုးသွင်းယူခဲ့ပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/185178

No comments:

Post a Comment