မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, January 21, 2017

အဲဗာတန်တောင်ပံတိုက်စစ်မှူး ဒယ်လိုဖူ အသင်းမှ ထွက်ခွာရန် နီးစပ်




အဲဗာတန် aတာင်ပံ တိုက်စစ်မှူး ဒယ်လိုဖူဟာ ဒီနှစ် ဇန်န၀ါရီ အပြောင်း အရွှေ့မှာ အသင်း ကနေ ထွက်ခွာဖို့ နီးစပ်နေ ပါတယ်။

အသက် ၂၂ နှစ်ရှိ ဘာစီလိုနာ အကယ်ဒမီထွက် ဒယ်လိုဖူကို အီတလီကလပ် အေစီမီလန်အသင်းက အငှား စာချုပ်နဲ့ ကမ်းလှမ်းခဲ့ပြီး ရာသီကုန်မှာ အပြီးသတ်ခေါ်ယူဖို့ စီစဉ် ထားပေမယ့် အဲဗာတန် အသင်းက ပယ်ချ abလိုက်တယ်လို့ သိရပါတယ်။

ဒယ်လိုဖူဟာ အဲဗာတန်အသင်းမှာ ခြေစွမ်းပြနေပေမယ့် လူစားဝင်ကစားသမားအဖြစ်သာ ကစားနေရတာဖြစ်ပါတယ်။

နယ်သာလန်ကလပ်အေဂျက်ဇ်နဲ့ ဂျာမနီကလပ်ဝုဖ်ဘက်အသင်းတို့ကလည်း ဒယ်လိုဖူကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ ဆန်းဒါးလန်း၊ ဆောက်သမ် တန်၊ ခရစ္စတယ်ပဲလေ့နဲ့ ဆွမ်ဆီးအသင်းတို့ကလည်း ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

ဒယ်လိုဖူဟာ ၂၀၁၃ ခုနှစ်က ဘာစီလိုနာအသင်းကနေ အဲဗာတန်အသင်းဆီ အငှားစာချုပ် နဲ့ ပြောင်းရွှေ့လာတာဖြစ်ပြီး အဲဗာတန်အသင်းက အပြီးသတ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ အဲဗာတန်အသင်းနဲ့အတူ စုစုပေါင်း ၇၅ ပွဲမှာ ၈ ဂိုး သွင်းယူထားပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/185187

No comments:

Post a Comment