မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, February 6, 2017

လက်ရှိချန်ပီယံ လက်စတာကို မန်ယူ ၃ ဂိုးပြတ်ဖြင့်နိုင် (ရုပ်သံဟိုက်လိုက်)




ဖေဖော်ဝါရီ ၅ ရက်ညက ယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ယူက လက်ရှိ ချန်ပီယံ လက်စတာကို ၃ ဂိုးပြတ်နဲ့ အနိုင်ရ သွားပါတယ်။

မန်ယူ အတွက် ဦးဆောင် ဂိုးကို ကွင်းလယ် ကစားသမား မစ်ခီတာရန်းက သွင်းယူ ပါတယ်။

ဒီပွဲမှာ နှစ်သင်းစလုံး အဓိက ကစားသမားတွေနဲ့ လူစုံထုတ် ယှဉ်ပြိုင် သွားပြီး မန်ယူက ကွင်းလယ်မှာ ဘောလုံး အသာစီးယူနိုင် ခဲ့ပါတယ်။

မန်ယူအတွက် ဒုတိယ ဂိုးကို တိုက်စစ်မှူး အီဗရာဟီ မိုဗစ်ခ်ျက သွင်းယူပါတယ်။

ဒီဂိုးဟာ သူ့အတွက် ပရီးမီးယားလိဂ်မှာ ၁၅ ဂိုးမြောက် သွင်းယူတဲ့ ဂိုးလည်း ဖြစ်ပါတယ်။

ဒုတိယဂိုး ပေးလိုက်ရပြီး နောက်ပိုင်းမှာ လက်စတာအသင်း ကစားအားကျသွားပြီး မန်ယူကပဲ ဖိအားပေး ကစားသွားပါတယ်။

အပိတ်ဂိုးကို ဒုတိယပိုင်းအစမှာ ကွင်းလယ်လူ မာတာက သွင်းယူပြီး ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။

ပွဲအပြီးမှာ လက်စတာနည်းပြ ရိုင်နရီကတော့ ဒီပြိုင်ပွဲမှာ သူ့ကစားသမားတွေ ယုံကြည်မှု သိပ်မရှိသလို ဖြစ်နေတယ်လို့ ပြောဆိုသွားပါတယ်။

ဒီပွဲနိုင်တဲ့ မန်ယူက ၄၅ မှတ်နဲ့ အဆင့် ၆ မှာ ရှိနေပြီး လက်စတာကတော့ ၂၁ မှတ်နဲ့ တန်းဆင်းဇုန်ရဲ့ အထက် အဆင့် ၁၆ မှာ ရပ်တည်နေပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/187794

No comments:

Post a Comment