မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, December 25, 2015

လက်စတာနှင့် ပွဲတွင် လီဗာပူး၌ လော့ဗ်ရင့်နှင့် မစ်ဂနိုလတ် ပြန်ပါမည်




လန်ဒန်− ယနေ့ ညကစားမည့် လက်စတာနှင့် ပွဲတွင် နောက်ခံလူ လော့ဗ်ရင့်နှင့် ဂိုးသမား မစ်ဂနို လတ်တို့ကို ပြန်လည် ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်ပြီး လက်စတာ၏ ခြေစွမ်းကို လေးစားကြောင်း နည်းပြ ကလော့ပ်က ဆိုသည်။

လီဗာပူးသည် တိုက်စစ်တွင်စတာရစ်လေ့ကျင့်ခန်းပြန်ဆင်းနေသော်လည်း အပြည့်အဝကြံ့ ခိုင်မှု မရသောကြောင့် ပါဝင်မည်မဟုတ်ဘဲ ဇန်နဝါရီ ၈ ရက် အက်ဖ်အေဖလား တတိယအကျော့ အိတ်ဇီတာစီးတီးနှင့် ပွဲမှ ပြန်ကစားနိုင် ဖွယ် ရှိသည်။

လီဗာပူးသည် ဗဟိုနောက်ခံ လူ လော့ဗ်ရင့် ပြန်လည်ပါဝင် လာနိုင်သော်လည်း တစ်ရာသီလုံးကစားခဲ့သည့် မာတင်စကာတယ် မှာ ဒဏ်ရာပြန်ကောင်းရန် မသေ ချာဘဲ ရက်သတ္တပတ်အနည်းငယ် စောင့်ဆိုင်းရဖွယ်ရှိသည်။

သို့သော် လီဗာပူးသည် မှတ်တမ်းများအရ ခရစ္စမတ်အပြီး ဘောက်ဆင်ဒေးပွဲများတွင် အိမ်ကွင်းပွဲများ၌ ၁၉၈၆ က မန်ယူကို ရှုံးပြီးနောက်ပိုင်း တစ်ပွဲမှမရှုံးတော့ဘဲ ကိုးပွဲတွင် ခြောက်ပွဲနိုင်၊ သုံးပွဲသရေရထားသည့်မှတ် တမ်းရှိထားရာ အနိုင်ရရန် မျှော်လင့်နေသည်။

လီဗာပူးနည်းပြ ဂျာဂန်က လော့ပ်ကလည်း ၎င်း

တို့အနေဖြင့်လက်စတာခြေစွမ်းကို နောက်ထပ် အံ့ဩစရာမရှိဘဲ မိမိတို့တွင်ထိုက်တန်သည့် အရည်အသွေးရှိ ကြောင်း ချီးကျူးထားသည်။

သို့သော် ပွဲကို ဦးဆောင် ဂိုးသွင်းပြီး ဂိုးနည်းနည်းဖြင့် နိုင်ချင် ကြောင်းလည်း ကလော့ပ်ဆိုသည်။ ‘‘၁-၀ ဂိုးရလဒ်လောက်နဲ့ နိုင်ချင်တယ်။ တစ်ဂိုးပေးထားရတဲ့ အခြေအနေကနေ အမြဲမဖြစ်ချင်ဘူး။ ကျွန်တော်တို့ ပွဲရဲ့ ပထမဆုံးစက္ကန့်ကနေ အာရုံစူးစိုက်ဖို့ လို ပါတယ်’’ဟု ၎င်းက ပြောသည်။

—Ref:BBC

Originally published at -http://www.7daydaily.com/story/54127


No comments:

Post a Comment