လန်ဒန် − ဗြိတိန် ဂါးဒီးယန်း သတင်းစာက ရွေးချယ် ဖော်ပြသည့် ၂၀၁၅ အတွင်း အကောင်းဆုံး ဘောလုံးသမား စာရင်းတွင် မက်ဆီက နံပါတ် (၁) နှင့် ကမ္ဘာ့ အကောင်းဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။
မက်ဆီသည် နိုင်ငံပေါင်း ၄၉ နိုင်ငံမှ ဒိုင်လူကြီးပေါင်း ၁၂၃ ဦး၏ ရွေးချယ်မှု အရ ကမ္ဘာ့ အကောင်းဆုံး နံပါတ် (၁) ဖြစ်ခဲ့ပြီး ထိုအကဲဖြတ် ဒိုင်အဖွဲ့ကို ဘရာဇီး ဂန္ထဝင် ဘောလုံးသမား ဇစ်ကို၊ အာဂျင်တီးနား နောက်ခံလူနှင့် အင်တာ ကပ္ပတိန်ဟောင်း ဇနက်တီ၊ ရိုမေးနီးယား တိုက်စစ်မှူးဟောင်း ဂျော်ဂျီဟာဂီ၊ အီတလီ တိုက်စစ်မှူးဟောင်း ပေါ်လို ဒီကာနီယိုတို့က ဦးဆောင်ခဲ့ခြင်းဖြစ်သည်။
မက်ဆီသည် ဒိုင်များပေးသည့် ရမှတ် ၄,၈၇၃ မှတ်ရခဲ့ပြီး ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုမှာ ၄,၆၂၀ မှတ်ဖြင့် ဒုတိယ၊မက်ဆီ၏ ဘာစီလိုနာ အသင်းဖော်များ ဖြစ်သော နေမာက ၄,၅၈၂ မှတ်ဖြင့် တတိယ၊ ဆွာရက်ဇ်က ၄,၄၉၂ မှတ်ဖြင့် စတုတ္ထနေရာ အသီးသီးရခဲ့သည်။
ထို့ နောက် ပဉ္စမနေရာတွင် ဘိုင်ယန်တိုက်စစ်မှူး မူလာ၊ ဘူဖွန် ( ၆ ) ၊ ပီအက်စ်ဂျီတိုက်စစ်မှူး အီဘရာဟီမိုဗစ် (၇) ၊ လီဝမ်ဒေါစကီး (၈)တို့ ပါဝင်ခဲ့သည်။
ဂါးဒီးယန်း၏ ယခုနှစ်ရွေး ချယ်မှုတွင် ရီးရဲလ်မှ ကမ္ဘာ့ဈေး အကြီးဆုံးကစားသမား ဂါရတ်ဘေးလ်၊ ဘိုင်ယန်မှ ဂျာမန် တောင်ပံလူ ဖိလစ်လမ်းတို့မှာ ထိပ်တန်း ၁၀ ဦးစာရင်းတွင် ကျန်ခဲ့သည်။
ထို့ပြင် ထိပ်တန်း ၁၀ ဦးစာရင်းတွင် စပိန်ကစားသမားတစ်ဦး မှ မပါခဲ့ဘဲ ဒီဂီယာ (၁၈)၊ ဘတစ် စကွက် ( ၂၄ ) ၊ ဒေးဗစ်ဆေးလ်ဗား (၃၀) နှင့် ဆာဂျီရာမို့စ်(၃၇)တို့မှာအမြင့်ဆုံး အဆင့်များနှင့် ပါဝင်ခဲ့ ခြင်းဖြစ်ခဲ့သည်။
—Ref:AS/Guardian
Originally published at - http://www.7daydaily.com/story/54129
No comments:
Post a Comment