ဧရာဝတီ အသင်းနှင့် စာချုပ်ခဲ့သည့် ကျော်ဇေယျာဝင်း (ဓာတ်ပုံ - ဧရာဝတီ ယူနိုက်တက်)
ဒီဇင်ဘာ ၂၅၊ ရန်ကုန်
မြန်မာ နေရှင်နယ်လိဂ် ကလပ် ဧရာဝတီ ယူနိုက်တက် အသင်းသည် ၂၀၁၆ ဘောလုံး ရာသီသစ် ပြင်ဆင်မှု အနေဖြင့် ပြည်တွင်း ကစားသမား ၁၁ ဦးထိ ခေါ်ယူ အားဖြည့် လိုက်သည် ဟု အသင်း ဖေ့ဘုတ်စ်တွင် သတင်း ထုတ်ပြန် လိုက်သည်။
အဆိုပါ ကစားသမား ၁၁ ဦးမှာ ကျော်ဇေယျာဝင်း၊ အောင်ဟိန်းကျော်၊ အာကာနိုင်၊ အောင်ရဲထွဋ်၊ နိုင်လင်းထွန်း၊ ဝေဖြိုး၊ စထက်နိုင်ဦး၊ စိုးမင်းအောင်၊ ထွန်းလင်းစိုး၊ နေမိုးနိုင်၊ ချစ်သက်ဦး တို့ ဖြစ်ကြသည်။
ဧရာဝတီယူနိုက်တက်အသင်း၏ ရာသီကြိုပြင်ဆင်မှုနှင့်ပတ်သက်၍ “ အသင်းက ပြည်တွင်းကစားသမားခေါ်ယူမှုတွေတော့ လုပ်ထားပါတယ်။
နိုင်ငံခြားသားကစားသမားကတော့ လက်ရှိ ၈ယောက်လောက် လာခြေစမ်းနေတော့ အဲ့ထဲက ထပ်ရွေးချယ်သွားမှာပါ။ သုံးယောက် ဖြစ်မလား လေးယောက် ဖြစ်မလား ဆိုတာကတော့ အသင်းတာဝန်ရှိသူတွေ ဆုံးဖြတ်မှာပါ။
ချင်းအသင်းနဲ့ ခြေစမ်းပွဲအပြီးမှာတော့ ဘယ်နိုင်ငံခြားသားခေါ်မလဲ ဆိုတာကို ဆုံးဖြတ်သွားမှာပါ ” ဟု အသင်းမီဒီယာတာဝန်ခံ ကိုအောင်ကျော် က ပြောသည်။
ဧရာဝတီယူနိုက်တက် အသင်းသည် ၂၀၁၅ ဘောလုံး ရာသီ အကုန်တွင် အသင်းမှ လက်ရွေးစင် ကစားသမားများဖြစ်သည့် နေလင်းထွန်း၊ ဟိန်းသီဟဇော်၊ ထိုက်ထိုက်အောင် အစရှိသည့် ကစားသမား များအား အသင်းပြောင်းရွေ့ခွင့် ပြုခဲ့သည့် အပြင် အသင်း နည်းပြချုပ် အဖြစ်လည်း လက်ထောက်နည်းပြ ဦးကျော်လွင်ကို ပြောင်းရွေ့ တာဝန်ပေးအပ် ထားသည်။
မဇ္ဈိမသတင်း by mizzima
Originally published at - http://mizzimaburmese.com/article/8988
No comments:
Post a Comment