မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, December 25, 2015

ချင်းယူနိုက်တက် နိုင်ငံခြားသား သုံးဦး အပါဝင် ကစားသမား အသစ် ဆယ်ဦး ဖြည့်ရန် စီစဉ်



ချင်း တိုက်စစ်မှူးသစ် ဆာကီအား အသင်းနှင့် အတူ စာချုပ် ရေးထိုးစဉ် (ဓာတ်ပုံ - CUFC)

ဒီဇင်ဘာ ၂၅၊ ရန်ကုန်

ချင်းယူနိုက်တက် အသင်းသည် ၂၀၁၆ ဘောလုံး ရာသီသစ် အတွက် နိုင်ငံခြားသား ကစားသမားသစ် သုံးဦး အပါအ၀င် ကစားသမားသစ် ဆယ်ဦးခန့် ဖြည့်တင်း သွားမည် ဟု အသင်း ဒု-ဥက္ကဌ ဦးဒိုခန်ခုပ်က ပြောသည်။

နိုင်ငံခြားသား ကစားသမားသစ် သုံးဦးတွင် လိုက်ဘေးရီးယန်း တိုက်စစ်မှူး ဆာကီ တစ်ဦးထဲသာ စာချုပ် ချုပ်ဆို ထားပြီး တိုက်စစ်မှူး မောရစ်နှင့် ကမ္ဘောဇ aနာက်ခံလူဟောင်း ဟန်ဆန် တို့ကိုခေါ်ရန် အကြိုသဘော တူညီမှု ရရှိထားပြီ ဖြစ်သည်။

ပြည်တွင်းကစားသမားသစ်များအဖြစ် ရန်ကုန်အသင်းနောက်ခံလူ ဇော်လင်း၊ မနောမြေဂိုးသမား မွန်ထရယ်အောင် စသည့်ကစားသမားများ အပါအ၀င် ခုနစ်ဦးခန့် ခေါ်ယူအားဖြည့်ထားသည်။

“ နိုင်ငံခြားသားက လိုက်ဘေးရီးယန်းတိုက်စစ်မှူး ဆာကီကိုတော့ စာချုပ်ချုပ်ပြီးပါပြီ။ ကျန်တဲ့ ၂ ယောက်က မနှစ်က ကျွန်တော်တို့ စာချုပ်ပြီးမှ ပျက်သွားတဲ့ တိုက်စစ်မှူး မောရစ်နဲ့ ကမ္ဘောဇနောက်ခံလူဟောင်း ဟန်ဆန် တို့ကိုတော့ အကြိုသဘောတူညီမှုတော့ ရထားပါတယ်။

စနေနေ့ ခြေစမ်းပွဲပြီးရင်တော့ အပြီးသတ်စာချုပ်သွားမှာပါ။ ပြည်တွင်းကစားသမားက ဇော်လင်း၊ မွန်ထရယ်အောင်တို့အပါအ၀င် ငါးဦး စာချုပ်ဖို့ စီစဉ်ထားပါတယ်။

နောက်ထပ်လည်း နှစ်ဦးလောက် ထပ်ခေါ်ဖို့ ရှိပါတယ်။ နည်းပြချုပ်အနေနဲ့ကတော့ မနှစ်က ဒု-အကျော့ရာသီမှာ တာဝန်ယူထားတဲ့ ဦးစိုးသိန်းပဲ ဆက်တာဝန်ယူမှာပါ ” ဟု ဦးဒိုခန်ခုပ်က ပြောသည်။

ချင်းယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ၂၀၁၅ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲတွင် ရမှတ် ၂၃ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့်ကိုးနေရာတွင် ရပ်တည်နိုင်ခဲ့ပြီး လာမည့်နှစ် ရာသီအဖွင့်ပွဲစဉ်အဖြစ် ဇန်န၀ါရီ ၁၀ ရက်တွင် သုဝဏ္ဏကွင်း၌ ဇွဲကပင်အသင်းနှင့် စတင်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

မဇ္ဈိမသတင်း by mizzima

Originally published at - http://mizzimaburmese.com/article/8987


No comments:

Post a Comment