မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, February 7, 2017

တန်းမဆင်းရရေး ခက်ခက်ခဲခဲ ရုန်းကန် ရတော့မည်ဟု လက်စတာ ဂိုးသမား ပြော




တန်းမဆင်း ရဖို့ အတွက် ခက်ခက် ခဲခဲ ရုန်းကန် ရတော့မှာ ဖြစ်တယ်လို့ လက်စတာ အသင်း ဂိုးသမား ရှမိုက်ကယ်က ပြောလိုက် ပါတယ်။

ပရီးမီးယား လိဂ်ရဲ့ လက်ရှိ ချန်ပီယံ လက်စတာ အသင်းဟာ လက်ရှိ အချိန်မှာ ၅ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံး နေပြီး တန်းဆင်းဇုန်က အသင်းတွေရဲ့ အထက် ရမှတ် တမှတ် အသာနဲ့ပဲ ရပ်တည် နေပါတယ်။

အသင်းသားတွေ အနေနဲ့ ပြီးခဲ့တဲ့နှစ်က ချန်ပီယံ ဖြစ်ခဲ့ တာကို မေ့ထားပြီး လက်ရှိ အချိန်မှာ ရလဒ်ကောင်း ရယူဖို့ လိုတယ်လို့လည်း ရှမိုက်ကယ်က ပြောပါတယ်။

အသင်းသားတွေ အနေနဲ့ ယုံကြည်မှု ပျောက်ဆုံး နေပြီး လာမယ့် ပွဲတွေမှာ အမှား ဆက်လုပ်လို့ မရတော့ ဘူးလို့လည်း ရှမိုက်ကယ်က သတိပေး ပြောဆို ထားပါတယ်။

လက်စတာနည်းပြ ရိုင်နရီကတော့ အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် စိတ်ပျက် မိပေမယ့် နောက်ဆုံး အချိန်အထိ ကြိုးစား ကစားသွားမှာဖြစ်တယ်လို့ ပြောဆို ထားပါတယ်။

ဓာတ်ပုံ - ရိုက်တာ

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/187980

No comments:

Post a Comment