
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်ညက ကစားမယ့် ရီးရဲလ် မက်ဒရစ်နဲ့ ဆဲလ်တာ ဗီဂို အသင်းတို့ရဲ့ စပိန် လာလီဂါ ပွဲစဉ်ကို မုန်တိုင်းကြောင့် ရွှေ့ဆိုင်း လိုက်ရ ပါတယ်။
ဒီပွဲကို လက်ခံ ကျင်းပမယ့် ဗီဂိုမြို့တော် ကောင်စီ ကနေ မုန်တိုင်းကြောင့် လုံခြုံမှု မရှိလို့ဆိုပြီး ပွဲစဉ်ကို ရွှေ့ဆိုင်းကြောင်း ကြေညာ လိုက်တာ ဖြစ်ပါတယ်။
မုန်တိုင်း ဒဏ်ကြောင့် ဆဲလ်တာဗီဂို အသင်းရဲ့ ဘောလုံးကွင်းလည်း ထိခိုက် ပျက်စီးမှု တချို့ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဆဲလ်တာဗီဂိုအသင်းက အိမ်ကွင်းမှာ ရီးရဲလ်ကို လက်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပေမယ့် ရွှေ့ဆိုင်းလိုက်ရတဲ့အတွက် ဒီပွဲစဉ်ကို ဘယ်ရက်မှာ ပြန်ကစားမလဲ ဆိုတာကိုတော့ သတ်မှတ်နိုင်ခြင်း မရှိသေးပါဘူး။
ရီးရဲလ်အသင်းဟာ လောလောဆယ် စပိန်လာလီဂါရဲ့ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေပြီး ဆဲလ်တာဗီဂိုက အဆင့် ၁၀ မှာ ရပ်တည်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/187807

No comments:
Post a Comment