
မတ် ၁၄ ရက်ညက ယှဉ်ပြိုင် သွားတဲ့ ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယ အကျော့ ပွဲစဉ်မှာ အီတလီ ကလပ် ဂျူဗင်တပ်က ပေါ်တူဂီ ကလပ် ပေါ်တိုကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ကွာတား ဖိုင်နယ်ကို တက်ရောက် သွားပါတယ်။
ပထမ အကျော့မှာ တုန်းက ဂျူဗင်တပ် ကပဲ အဝေးကွင်းမှာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ ထားတာပါ။
ဒီပွဲမှာ ဂျူဗင်တပ်ကပဲ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ ကစားနိုင်ခဲ့ပါတယ်။
ဂျူဗီအတွက် တလုံးတည်းသော အနိုင်ဂိုးကို ပေါ်တိုနောက်တန်း ဖျက်ထုတ်ရင်း လက်ထိဘောဖြစ်ရာကနေ ပင်နယ်တီရပြီး အဲဒီပင်နယ်တီကို ပါလို ဒီဘာလာက သွင်းယူပေးခဲ့တာပါ။
လက်နဲ့ထိခဲ့တဲ့ ပေါ်တိုကစားသမားလည်း အထုတ်ခံခဲ့ရလို့ ဆယ်ယောက်တည်းနဲ့ ကစားခဲ့ရပါတယ်။
နောက်ပိုင်းမိနစ်တွေမှာ ဂျူဗင်တပ်ကပဲ ထိန်းချုပ်ကစားပြီး အနိုင်ရသွားပါတယ်။
ဂျူဗင်တပ်ဟာ နှစ်ပွဲပေါင်းရလဒ် ၃ ဂိုး ဂိုးမရှိနဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်သွားတာ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/195061

No comments:
Post a Comment