
အဲဗာတန် အသင်းက စာချုပ်သစ် အတွက် ကမ်းလှမ်း ချက်ကို တိုက်စစ်မှူး လူကာကူ ပယ်ချ လိုက်ပါတယ်။
ပရီးမီးယားလိဂ် ကလပ် အဲဗာတန်က စာချုပ်သစ်မှာ ၁ ပတ်ကို လုပ်ခလစာ ပေါင် ၁ သိန်း ၄ သောင်းပေးပြီး ၅ နှစ်စာချုပ်နဲ့ ကမ်းလှမ်း ခဲ့တာပါ။
လက်ရှိမှာတော့ ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူက စာချုပ်သစ်နဲ့ သက်တမ်း တိုးဖို့ ငြင်းပယ် ထားပါတယ်။
တိုက်စစ်မှူးရဲ့ လက်ရှိ စာချုပ် သက်တမ်းဟာ ၂ နှစ်ကျန်နေပြီး ချန်ပီယံလိဂ်မှာ ကစားချင်တဲ့ ဆန္ဒကို ထုတ်ဖော် ထားပါတယ်။
သူ့ကို အသင်းဟောင်း ချဲလ်ဆီးက ခေါ်ယူဖို့ ဆက်သွယ်မှုတွေ ပြုလုပ်နေပါတယ်။
တိုက်စစ်မှူး လူကာကူဟာ ၂၀၁၄ မှာ ပေါင် ၂၈ သန်းနဲ့ အဲဗာတန်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
အဲဗာတန်က အသက် ၂၃ နှစ်အရွယ် လူကာကူအတွက် ရောင်းဈေးကို ပေါင်သန်း ၆၀ သတ်မှတ်ထားပါတယ်။
လူကာကူဟာ ဒီနှစ်ထဲမှာ အဲဗာတန်အတွက် ၁၉ ဂိုး သွင်းယူထားပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/195061

No comments:
Post a Comment