မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, March 16, 2017

မန်စီးတီးကို အနိုင်ယူပြီး မိုနာကို ချန်ပီယံလိဂ် ကွာတားဖိုင်နယ်တက် (ရုပ်သံဟိုက်လိုက်)




ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်း အဆင့် ဒုတိယ အကျော့ ပွဲစဉ် အဖြစ် ပြင်သစ် ကလပ် မိုနာကိုနဲ့ ပရီးမီးယားလိဂ် ကလပ် မန်စီးတီးတို့ မတ်လ ၁၅ ရက်ညက ယှဉ်ပြိုင်ရာ မိုနာကိုက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ကွာတား ဖိုင်နယ် တက်ရောက် သွားပါတယ်။

အိမ်ကွင်းမှာ ယှဉ်ပြိုင်ရတဲ့ ဒီပွဲမှာ မိုနာကိုက တိုက်စစ်ဆင် ကစားခဲ့ပြီး ပွဲအစ ၈ မိနစ်မှာ Mbappe က ပထမဂိုး၊ ၂၉ မိနစ်မှာ Fabinho က ဒုတိယဂိုး သွင်းပြီး ပထမပိုင်းမှာ ကတည်းက ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင် ထားနိုင်ခဲ့တာပါ။

မန်စီးတီးဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အနည်းငယ် အသာစီးရခဲ့ပေမယ့် ထိုးဖောက်တိုက်စစ်ဆင် ဂိုးကန်သွင်းခွင့်မှာတော့ မိုနာကိုက အသာရခဲ့ပါတယ်။

ပွဲချိန် ၇၁ မိနစ်မှာ မန်စီးတီးအတွက် ဆာနေက ချေပဂိုး တဂိုး သွင်းယူပေးခဲ့ပေမယ့် ၇၇ မိနစ်မှာ မိုနာကိုအတွက် အဖိုးတန်ပွဲသိမ်းဂိုးကို Bakayoko က ခေါင်းတိုက် သွင်းယူပေးခဲ့လို့ ၃ ဂိုး ၁ ဂိုးနဲ့ မိုနာကို အနိုင်ရသွားတာပါ။

ဒီနှစ်သင်း ပထမအကျော့ ယှဉ်ပြိုင်စဉ်က မန်စီးတီးက ၅ ဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် အခု ဒုတိယအကျော့မှာ မိုနာကိုက ၃ ဂိုး ၁ ဂိုးနဲ့ ပြန်နိုင်တဲ့ အတွက် နှစ်ကျော့ပေါင်း ရလဒ် ၆ ဂိုးစီ တူညီပေမယ့် အဝေးဂိုး စည်းမျဉ်း အရ မိုနာကို ကွာတား ဖိုင်နယ် တက်ရောက် သွားတာ ဖြစ်ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/195378

No comments:

Post a Comment