မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, May 22, 2017

ဂျူဗင်တပ် ခြောက်ကြိမ်ဆက် ချန်ပီယံဆု ဆွတ်ခူး




လန်ဒန်- ယမန် နေ့က ကစားခဲ့ သော ဥရောပလိဂ် ပွဲစဉ်များတွင် ဂျူဗင်တပ်က ခရိုတိုနီကို ၃-၀ ဂိုးဖြင့် အနိုင် ရရှိခဲ့ပြီး စကူဒတ်တို ဖလားကို စံချိန်တင် ခြောက်ကြိမ် ဆက်တိုက် ရယူခဲ့သည်။

ဂျူဗင်တပ် အတွက် အနိုင်ဂိုး များကို မန်ဇူကစ်၊ ပေါ်လိုဒိုင်ဘာ လာနှင့် အလက်စ် ဆန်ဒရို တို့က သွင်းယူခဲ့ပြီး တစ်ပွဲ ကစားရန် ကျန်ရှိချိန် မှာပင် ဂျူဗင်တပ်က ပြည်တွင်း ဖလားနှစ်လုံးကို သိမ်း ပိုက်နိုင်ခဲ့သည်။

ထို့ကြောင့် ဂျူဗီသည် ရီးရဲလ်နှင့် ကစားရမည့် ဇွန်လ ၃ ရက် ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက် စိတ်အေးလက်အေး ပြင်ဆင်နိုင်ပြီဖြစ်ကာ ဖလားသုံးလုံးအိပ်မက် ဆက်မက်နိုင်ပြီ ဖြစ်သည်။

ပရီးမီးယားလိဂ်တွင် အာ ဆင်နယ်အသင်းသည် ရာသီကုန် လုနီးတွင် ဆက်တိုက်ခြေစွမ်းပြ နိုင်ခဲ့သော်လည်း နှစ်ပေါင်း (၂၀) အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်နှင့် လွဲချော်ခဲ့သည်။

အာဆင်နယ်က အဲဗာတန် ကို အနိုင်ကစားပြီး လီဗာပူးနှင့် မန်စီးတီးတို့ ခြေချော်မည်ကို မျှော်လင့်ရမည်ဖြစ်သော်လည်း ဂွါဒီယို လာနှင့် ဂျာဂန်ကလော့ပ်၏ အဖွဲ့ သားများက အမှားအယွင်းမရှိခဲ့ ပေ။

ထိပ်ဆုံးမှ ချယ်လ်ဆီးက လည်း ဆန်းဒါးလန်းကို ၅-၁ ဂိုး ဖြင့် ပြတ်ပြတ်သားသား အနိုင်ယူခဲ့ သည်။ ဒုတိယနေရာမှ စပါးက လည်း ဟူးလ်စီးတီးကို ၇-၁ ဂိုး ဖြင့် ချေမှုန်းခဲ့ပြီး ဟယ်ရီကိန်းက ဟက်ထရစ်ရယူ ရွှေဘောလုံးဆုကို ထပ်မံ သိမ်းပိုက်ခဲ့သည်။

ဂွါဒီယိုလာက ချယ်လ်ဆီးနှင့် စပါးကို ဂုဏ်ပြုစကားပြောကြားပြီး မိမိတို့ အနေဖြင့် ချန်ပီယံလိဂ် တိုက်ရိုက် ဝင်ခွင့်ရသော တတိယ နေရာရခြင်း အတွက် အလွန်ပျော်ရွှင် မိသည်ဟု ပြောသည်။

လီဗာပူးနည်းပြ ကလော့ပ် က ကစားသမားများအတွက် ဂုဏ်ယူကြောင်းနှင့် လီဗာပူးကဲ့သို့ အသင်းမျိုးသည် ချန်ပီယံလိဂ် တွင် ပါဝင်ရန် လိုအပ်သည်ဟု ပြောကြားသည်။

ချန်ပီယံလိဂ်နှင့် လွဲချော်ခဲ့ ၍ စိတ်ပျက်ရသည်ဟု အာဆင် နယ်နည်းပြ အာစင်ဝင်းဂါးက ပြောကြားပြီး နောက်ဆုံးတွင် အမှတ်တစ်မှတ်ကွာဟမှုက အ ဆုံးအဖြတ်ဖြစ်သွားသည်ဟု ပြော ကြားသည်။

—Ref:BBC

From : 7 DAy daily news

Originally published at - http://www.7daydaily.com/story/96791

No comments:

Post a Comment