
ဘိုင်ယန်မြူးနစ် အသင်း ခေါင်းဆောင် ဖိလစ်လန်းဟာ ဖရိုင်းဘတ်ကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ မနေ့က ပွဲစဉ်မှာ နောက်ဆုံး ပွဲစဉ်အဖြစ် ကစားသွားပြီး ဘောလုံး သမား ဘ၀ ကနေ အနားယူ သွားပါတယ်။
အဲဒီပွဲစဉ် အပြီးမှာ ဖိလစ်လန်း အတွက် နှုတ်ဆက်ပွဲ ပြုလုပ် သွားပါတယ်။ အသက် ၃၃ နှစ် အရွယ် ဖိလစ်လန်းဟာ ဒီနှစ်ရာသီအကုန်မှာ ကစားသမားဘ၀ကနေ အနား ယူမယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ ကြေညာ ထားပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီနှစ်မှာလည်း ဘွန်ဒတ်စ်လီဂါ ချန်ပီယံဆုကို ရယူပြီး ၅ နှစ်ဆက်တိုက် ချန်ပီယံ ဖြစ်ထားပါတယ်။
ဂျာမန် လက်ရွေးစင် ဖိလစ်လန်းဟာ ၂၀၁၄ မှာ အသင်းကို ကမ္ဘာ့ဖလား ချန်ပီယံဆုရအောင် အဓိက နေရာက ကူညီထားသူလည်း ဖြစ်ပါတယ်။
သူဟာ အသက် ၁၁ နှစ် အရွယ်မှာ ဘိုင်ယန်မြူးနစ် အသင်းကို ရောက်ရှိ လာပြီး နောက်တန်းနဲ့ ကွင်းလယ် ၂ နေရာစလုံးမှာ ကစားနိုင်သူ ဖြစ်သလို ကစားသမား ဘ၀ တလျှောက်လုံး ဘိုင်ယန် အသင်းမှာပဲ အများဆုံး ကစားခဲ့ သူလည်း ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/207841

No comments:
Post a Comment