Sunday, May 21, 2017
ကမ္ဘောဒီးယားကို အနိုင်ယူပြီး မြန်မာ အမျိုးသမီး ယူ ၁၅ အသင်း တတိယဆု ရရှိ
အာဆီယံ အမျိုးသမီး ယူ ၁၅ ပြိုင်ပွဲ တတိယ လုပွဲကို မေ ၂၀ ရက်က လာအိုနိုင်ငံမှာ ယှဉ်ပြိုင် ကစားခဲ့ရာ မြန်မာ အမျိုးသမီး အသင်းက ကမ္ဘေ္ဘာ ဒီးယားကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင် ရပြီး တတိယဆု ရယူနိုင် ခဲ့ပါတယ်။
မြန်မာယူ ၁၅ အသင်း အတွက် အနိုင် ဂိုးတွေကို ဇင်မာထွေး၊ စုပြည့်ပြည့်ကျော်နဲ့ မြတ်နိုးခင်တို့က သွင်းယူ ခဲ့ပါတယ်။
ဗိုလ်လုပွဲစဉ်မှာတော့ ထိုင်းအမျိုးသမီး ယူ ၁၅ အသင်းက ဖိလစ်ပိုင်ကို ၆ ဂိုး ၂ ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။
အာဆီယအမျိုးသမီး ယူ ၁၅ ပြိုင်ပွဲကို အာဆီယံဒေသတွင်းနိုင်ငံ ၉ နိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။
မြန်မာအမျိုးသမီးယူ ၁၅ အသင်းကို အခြေခံပညာကျောင်း တွေနဲ့ အားကစားနဲ့ကာယပညာ သိပ္ပံကျောင်းတွေက ကစားသမားတွေနဲ့ ၂ လကြာ လေ့ကျင့်ပြီး ဝင်ရောက် ယှဉ်ပြို င်ခဲ့တာ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://www.mizzimaburmese.com/article/27169
Subscribe to:
Post Comments (Atom)
No comments:
Post a Comment