မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, May 22, 2017

မာလာဂါကို ၂ ဂိုးပြတ်ဖြင့်နိုင်ပြီး ရီးရဲ လာလီဂါ ချန်ပီယံဆု ဆွတ်ခူး (ရုပ်သံဟိုက်လိုက်)




မနေ့ညက ယှဉ်ပြိုင် သွားတဲ့ စပိန် လာလီဂါ နောက်ဆုံး ပွဲစဉ်မှာ ရီးရဲလ် မက်ဒရစ်က မာလာဂါ အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ချန်ပီယံ ဆုကို သိမ်းပိုက် သွားပါတယ်။

အနိုင်ဂိုးတွေကို တိုက်စစ်မှူးတွေဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ဘန်ဇီမာတို့က သွင်းယူပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ စုစုပေါင်း ၉၃ မှတ်ရပြီး ဒုတိယနေရာက ဘာစီလိုနာအသင်းထက် ၃ မှတ်အသာနဲ့ ချန်ပီယံဆု ရယူသွားတာပါ။

ရီးရဲလ်အတွက်တော့ ၅ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် လာလီဂါချန်ပီယံဆုကို ရယူနိုင်တာ ဖြစ်ပါတယ်။

အခုချန်ပီယံဆုဟာ ရီးရဲလ်အတွက် ၃၃ ကြိမ်မြောက် ရယူနိုင်တာပါ။

နည်းပြ ဇီဒန်းရဲ့ ရီးရဲလ်အသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဂျူဗင်တပ်အသင်းနဲ့ ကစားရမှာဖြစ်ပြီး အနိုင်ရရင် ချန်ပီယံဆုကို ပထမဆုံး ကာကွယ်နိုင်တဲ့အသင်းအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/207875

No comments:

Post a Comment