မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, October 27, 2015

ဖီဖာဥက္ကဋ္ဌရာထူး ဥရောပဘောလုံး အဖွဲ့ချုပ် အတွင်းရေးမှူးပြိုင်မည်




ဥရောပ ဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) အထွေထွေ အတွင်းရေးမှူး ဂျန်နီ အင်ဖာတီနိုက ကမ္ဘာဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ နေရာအတွက် ၀င်ရောက် အရွေးခံမှာ ဖြစ်ပါတယ်။

ရာထူးကနေ ဆိုင်းငံထားခြင်းခံရတဲ့ ယူအီးအက်အေ ဥက္ကဋ္ဌ ပလာတီနီနဲ့ ဆပ်ဘလတ္တာနေရာ အတွက် အရွေးချယ်ခံတော့မှာ ဖြစ်ပါတယ်။
ဥက္ကဋ္ဌရာထူးအတွက် စာရင်းတင်သွင်းဖို့ သတ်မှတ်နောက်ဆုံးရက် အောက်တိုဘာ ၂၆ ရက် မတိုင်ခင်မှာ စာရင်းတင်သွင်းလိုက်တာ ဖြစ်ပါတယ်။

အသက် ၄၅ နှစ် ဆွစ်လူမျိုး အင်ဖာတီနိုဟာ ယူအီးအက်အေကို ၂၀၀၀ ခုနှစ်မှာ ၀င်ရောက်လာခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ အထွေထွေအတွင်းရေးမှူး ဖြစ်လာခဲ့တာပါ။
ဥက္ကဋ္ဌ ရာထူးအတွက် ၉ ဦးအရွေးခံမှာ ဖြစ်ပေမယ့် ဖီဖာက အခုချိန်ထိ အတည်ပြုချက်မပေးသေးပါဘူး။
အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ရှိက်ဆာမန် ဘင်အီဘရာဟန်အယ်ကာလီဖာကလည်း ၀င်ပြိုင်ဖို့ အတည်ပြုလိုက်ပါတယ်။

ဖီဖာ ဥပဒေအရ ၀င်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေက ဘောလုံးအဖွဲ့ချုပ် ၅ ခုရဲ့ ထောက်ခံချက်ကို ရရှိဖို့ လိုပါတယ်။

လက်ရှိအချိန်ထိ ဂျော်ဒန်မင်းသား အလီဘင်အယ်ဟူစိန်၊ ထရီနီဒက်နဲ့ တိုဗက်ကိုက ဒေးဗစ်နက်ဟစ်၊ ဖီဖာ အတွင်းရေးမှူးဟောင်း ဂျရိုမီးရှန်ပိန်၊ လိုင်ဘီးယား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မူဆာဘီလီတီတို့က ၀င်ပြိုင်ဖို့ ပြောဆိုထားပါတယ်။

ရာထူးကနေ ဆိုင်းငံ့ခံထားရတဲ့ ပလာတီနီကလည်း ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ပြောဆိုထားပါတယ်။

၂၀၁၆ ဖေဖော်ဝါရီ ဖီဖာ အထူးကွန်ကရက်မှာ ဥက္ကဋ္ဌကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

By ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/118680

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment