အောက်တိုဘာ ၂၈ ရက် ကက်ပီတယ်ဝမ်း ဖလားပြိုင်ပွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းက ချန်ပီယံရှစ် ပထမတန်းက မစ်ဒယ်ဘရော့ကို ပင်နယ်တီနဲ့ ရှုံးနိမ့် သွားပါတယ်။
ဒီပွဲမှာ မန်ယူအသင်း ဘောလုံးပိုင်ဆိုင်မှု ၅၆ ရာခိုင်နှုန်းအထိ ရှိခဲ့သလို မစ်ဒယ်ဘရော့ကတော့ ၄၄ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။
မစ်ဒယ်ဘရော့ရဲ့ ခံစစ်က ကောင်းမွန်စွာ စုစည်းထားနိုင်သလို တန်ပြန်တိုက်စစ်နဲ့ ပြန်လည်ထိုးစစ်ဆင်ခဲ့တဲ့အတွက် ပွဲချိန်အတွင်း မန်ယူအသင်း ဂိုးမသွင်းနိုင် ဖြစ်ခဲ့ရပါတယ်။
ကွားတားဖိုင်နယ်ကို တက်ရောက်ဖို့ အဆုံးဖြတ်ပွဲ ဖြစ်တာကြောင့် ပွဲချိန်ပြည့် မိနစ် ၉၀ မှာ သရေရလဒ်ဖြစ်နေတဲ့အတွက် အချိန်ပို ကစားခဲ့ပါတယ်။
အချိန်ပိုမှာလည်း သရေဖြစ်နေတဲ့အတွက် ပင်နယ်တီကန်သွင်းရာမှာတော့ မစ်ဒယ်ဘရော့က ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
မန်ယူအသင်းက ရွန်နီ၊ ကာရစ်နဲ့ အက်ရှ်လေယန်းတို့ ကန်သွင်းတဲ့ ပင်နယ်တီ လွဲချော်ခဲ့တာဖြစ်ပြီး မစ်ဒယ်ဘရော့က မန်ယူအသင်းရဲ့ ပရိသတ်ရှေ့မှာ အောင်ပွဲခံခွင့် ရရှိသွားပါတယ်။
ဒီပွဲရှုံးနိမ့်သွားတဲ့အတွက် မန်ယူအသင်း ကက်ပီတယ်ဝမ်းဖလားကနေ ထွက်ခဲ့ရပါတယ်။
အသင်း ၈ သင်း တက်ရောက်လာတဲ့ ကွာတားဖိုင်နယ်မှာ မစ်ဒယ်ဘရော့က အဲဗာတန်နဲ့ ကစားရမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/119099
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |
No comments:
Post a Comment