မာရှေယာနို တရားရုံးသို့ ရောက်ရှိလာစဉ်။ (ဓာတ်ပုံ - အီးပီအေ)
ဘာစီလိုနာနဲ့ အာဂျင်တီးနား နောက်တန်း ကစားသမား ဂျာဗီးယား မာရှေယာနို အခွန်ငွေကြေး ပေါင် ၁ ဒသမ ၁ သန်းကျော်ကို ကြေညာဖို့ ပျက်ကွက် ခဲ့တယ်လို့ ၀န်ခံ လိုက်ပါတယ်။
၂၀၁၁ နဲ့ ၂၀၁၂ ၀င်ငွေတွေ ထဲက စာရင်း ၂ ခုကို ကြေညာဖို့ ပျက်ကွက် ခဲ့တယ်လို့ တရား လိုတွေက ပြောပါတယ်။
ဘာစီလိုနာအနီးက ဂါဗာတရားရုံးမှာ ရုံးတက်ပြီး ၅ မိနစ် အတွင်း အခုလို ၀န်ခံလိုက်တာ ဖြစ်ပါတယ်။
ဝန်ခံလိုက်တဲ့ အတွက် သူ့ကို စစ်ဆေးစရာ မလိုတော့ဘူးလို့ ဆိုပါတယ်။
အရင်လက တရားရုံးက ယူရို ၁ ဒသမ ၇၅ သန်း ပေးဆောင်ဖို့နဲ့ ဒဏ်ငွေဆောင်ပြီး အမှုကို ရှောင်လွဲနိုင်မယ်လို့ ထုတ်ပြန် ထားပါတယ်။
မာရှေယာနိုဟာ ၂၀၁၀ ကတည်းက ဘာစီလိုနာမှာ ကစားနေ တာဖြစ်ပြီး စပိန် အခွန် တာဝန်ရှိ သူတွေရဲ့ စိစစ်မှုကို ခံနေရတာ ဖြစ်ပါတယ်။
ပေါ်တူဂီနဲ့ အမေရိကန်က ကုမ္ပဏီတွေကို အသုံးပြုပြီး ၀င်ငွေတွေကို လိမ်လည်ဖို့ ကြိုးစား ခဲ့တယ်လို့ စွပ်စွဲခံ ထားရပါတယ်။
by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/119269
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |
No comments:
Post a Comment