မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 30, 2015

ကမ္ဘာ့ဖလား ကျင်းပခွင့်ရရေး သုံးခဲ့သည့်ငွေကြေး ပြန်ပေးရန် ဖီဖာကို သြစတြေးလျ တောင်းဆို




၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ကျင်းပခွင့် ရရေး ကြိုးပမ်းမှု အတွက် ကုန်ကျ စရိတ်တွေကို ကမာ့္ဘဘောလုံး အဖွဲ့ချုပ် (ဖီဖာ) က ပြန်ပေးဖို့ သြစတြေးလျက တောင်းဆို လိုက်ပါတယ်။

ကမ္ဘာ့ဖလား ကျင်းပခွင့် ရဖို့ အတွက် သြစတြေးလျက ပေါင် ၂၀ ဒသမ ၉ သန်း အသုံးပြု ခဲ့တာ ဖြစ်ပါတယ်။

ရာထူးကနေ ဆိုင်းငံ့ခံထားရတဲ့ ဖီဖာဥက္ကဋ္ဌ ဘလတ္တာက အမေရိကန်ကို ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ကျင်းပခွင့်ပေးဖို့ မဲမခွဲခင် သဘောတူညီခဲ့တယ်လို့ ပြောဆိုခဲ့အပြီး အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

သြစတြေးလျ ကမာ့္ဘဖလား ကျင်းပခွင့်ရရှိရေးအဖွဲ့ ဆက်သွယ်ရေး အကြီးအကဲဟောင်း ဘိုနီတာ မာစီဒက်ဇ်က အခွန်ထမ်းတွေရဲ့ကိုယ်စား ငွေပြန်ပေးသင့်တယ်လို့ တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၂ ကမ္ဘာ့ဖလား ကျင်းပခွင့်ရရေးအတွက် သြစတြေးလျ ကမ္ဘာ့ဖလား ကျင်းပခွင့်ရရှိရေးအဖွဲ့က ဖီဖာဥက္ကဋ္ဌဟောင်း ဂျက်ဝါနာကို ပေါင် ၂ သိန်း ၇ သောင်း ပေးခဲ့တာကိုလည်း စုံစမ်းစစ်ဆေးနေပါတယ်။

သြစတြေးလျနဲ့ ၀ါနာတို့ကတော့ ဒီကိစ္စကို ငြင်းဆန်ထားပါတယ်။

by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/119306

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment