
အောက်တိုဘာ ၄ ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏ ကွင်းမှာ ယှဉ်ပြိုင် သွားတဲ့ အာရှယူ ၁၉ ခြေစစ်ပွဲမှာ မြန်မာက ဟောင်ကောင်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။ ပွဲက စကတည်းက မြန်မာ အသင်းက အဓိက ကစား သမား အစုံ အလင်နဲ့ ပွဲထွက် လာပြီး ဟောင်ကောင်ဖက်ကို ဖိအားပေး ကစားနိုင် ခဲ့ပါတယ်။
ဒုတိယ ပိုင်းမှာ မြန်မာ ယူ၁၉ အသင်း ဂိုးရဖို့ ပိုမို တိုက်စစ်တင် ကစား လာပြီး ပွဲချိန် ၇၂ မိနစ်မှာ လာခဲ့ပြီး တသင်းလုံး ဂိုးရဖို့တင် ကစားလာ ခဲ့ပါတယ်။ ပွဲချိန် မိနစ် ၇၂ မိနစ်မှာ ဟောင်ကောင် အသင်းက တန်ပြန် တိုက်စစ်ကနေ ဦးဆောင်ဂိုး ရသွား ပါတယ်။
ဂိုးပေး လိုက်ရပြီး နောက်ပိုင်းမှာ မြန်မာ အသင်း ဖိအားပေး ကစားနိုင် ခဲ့ပြီး ၈၈ မိနစ်မှာ ချေပဂိုးကို စစ်မင်းက သွင်းယူ ပါတယ်။ ချေပဂိုး ပေးလိုက် ရပြီး နောက်ပိုင်း ဟောင်ကောင် ကစားအား ကျသွား ခဲ့ပါတယ်။
မြန်မာယူ ၁၉ အတွက် အနိုင်ဂိုးကို အချိန်ပို မိနစ်မှာ အောင်မိုးသူက သွင်းယူပြီး အနိုင်ရ သွားတာပါ။ အခု နိုင် ပွဲကြောင့် မြန်မာယူ ၁၉ အသင်းဟာ ၃ ပွဲကစား ၇ မှတ်နဲ့ ဒုတိယ aနရာမှာ ရှိနေပြီး ဗီယက်နမ်က ၉ မှတ်နဲ့ ဦးဆောင် နေပါတယ်။ အုပ်စု နောက်ဆုံး ပွဲစဉ်မှာ မြန်မာက ဗီယက်နမ်ကို အနိုင် ကစားနိုင်ရင် အုပ်စု ဗိုလ် အဖြစ်နဲ့ တိုက်ရိုက် ခြေစစ်ပွဲ အောင်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။
ဓာတ်ပုံ – Myanmar Football Federation






DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/114821

No comments:
Post a Comment