မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 23, 2015

ယူရိုပါလိဂ်ပွဲစဉ် အိမ်ကွင်းတွင် သရေရလဒ်သာ ယူနိုင်သည့် လီဗာပူး (ရုပ်သံဟိုက်လိုက်)




ယူရိုပါလိဂ် ပွဲစဉ်အဖြစ် လီဗာပူး အသင်းဟာ ရူဘင်ကာဇန် အသင်းနဲ့ အောက်တိုဘာ ၂၂ ရက်ညက ယှဉ်ပြိုင် ကစားခဲ့ပြီး တဘက် ၁ ဂိုးစီ သရေကျ သွားခဲ့ပါတယ်။

လီဗာပူး အသင်းဟာ အိမ်ကွင်းမှာ ကစားခဲ့ ရပေမယ့် အဖွင့်ဂိုး ကိုတော့ ရူဘင်ကာဇန်က ရရှိသွားပြီး ပွဲချိန် ၁၅ မိနစ်မှာ မာကို ဒီဗစ် (Marko Devic) က သွင်းယူ သွားခဲ့တာပါ။

လီဗာပူးအတွက် ချေပဂိုးကိုတော့ ၃၇ မိနစ်မှာ အမ်မရီ ကန် (Emre Can) က သွင်းယူပေးခဲ့ပါတယ်။

ကျန်ပွဲချိန်တွေမှာတော့ တဘက်နဲ့တဘက် ဂိုးထပ်မသွင်းနိုင်တော့ဘဲ ၁ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးသွားပါတယ်။

လီဗာပူးအသင်းအတွက်တော့ နည်းပြသစ် ကလော့ပ်ကိုင်တွယ်တဲ့ ဒုတိယမြောက်ပွဲစဉ်ဟာလည်း သရေရလဒ်ပဲ ရခဲ့တာပါ။

လီဗာပူးအသင်းဟာ ယူရိုပါလိဂ် အုပ်စု ဘီမှာ ဆွစ်ဇာလန်ကလပ် အက်ဖ်စီ စီအွန်၊ ရုရှားကလပ် ရူဘင်ကာဇန်၊ ပြင်သစ်ကလပ် ဘော်ဒိုးတို့နဲ့အတူ ကျရောက်နေတာပါ။

အုပ်စုပွဲစဉ် ၃ ပွဲစီ ကစားပြီးချိန်မှာတော့ အက်ဖ်စီ စီအွန်က ၇ မှတ်နဲ့ အုပ်စုပထမ၊ လီဗာပူးက ၃ မှတ်နဲ့ ဒုတိယ၊ ရူဘင်ကာဇန်နဲ့ ဘော်ဒိုးတို့က ၂ မှတ်စီနဲ့ အုပ်စု တတိယနဲ့ စတုတ္ထနေရာ အသီးသီးမှာ ရပ်တည်နေပါတယ်။



DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/117945

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment