မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 24, 2015

အင်္ဂလန် နှင့် စကော့တလန်ကို ယူအီးအက်ဖ်အေ ဒဏ်ရိုက်




ယူရို ၂၀၁၆ ခြေစစ်ပွဲ တွေမှာ ပရိသတ်တွေကို မထိန်းချုပ်နိုင်တဲ့ အတွက် အင်္ဂလန်နဲ့ စကောတလန်ကို ဥရောပ ဘောလုံး အဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) က ဒဏ်ရိုက် လိုက်ပါတယ်။

အင်္ဂလန်နဲ့ လစ်သူယေးနီးယား ပွဲစဉ်မှာ ပရိသတ်နှောင့်ယှက် မှုကြောင့် အင်္ဂလန် ဘောလုံး အဖွဲ့ချုပ်ကို ပေါင် ၁၀၇၆၈ ယူအီးအက်ဖ်အေက ဒဏ်ရိုက် ခဲ့ပါတယ်။

စကော့တလန်နဲ့ ပိုလန်ပွဲမှာ အိမ်ကွင်းပရိသတ်တွေ ကွင်းအတွင်း ၀င်ရောက်ခဲ့တဲ့ အတွက် စကောတလန် ဘောလုံးအဖွဲ့ချုပ်ကိုလည်း ပေါင် ၁၄၃၅၅ ဒဏ်ရိုက်ခဲ့ပါတယ်။

ဒါအပြင် ပိုလန်နဲ့ လစ်သူယေးနီးယားတို့ကိုလည်း ပရိသတ်တွေရဲ့ အပြုအမှုကြောင့် ယူအီးအက်ဖ်အေက ဒဏ်ရိုက်ခဲ့ပါတယ်။

အောက်တိုဘာ ၈ ရက်ပွဲမှာ ပြိုင်ဘက် စကော့တလန်နဲ့ ၂ ဂိုးစီသရေကျတဲ့ပွဲမှာ ပွဲကြီးကြပ်သူတွေနဲ့ ပရိသတ်တွေနဲ့ အချင်းများတဲ့အတွက် ပိုလန် ဘောလုံးအဖွဲ့ချုပ်က ပေါင် ၂၈၇၂၁ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ပိုလန်ပရိသတ်တွေက မီးရှုးမီးပန်းတွေကိုလည်း ပစ်ပေါက်ခဲ့ပါတယ်။

အောက်တိုဘာ ၁၂ ရက် အင်္ဂလန် အသင်းနဲ့ ကစားတဲ့ပွဲမှာ ပွဲကြည့်စဉ်က လူသွားလမ်းကို ပိတ်ဆို့တဲ့ အတွက် လစ်သူယေးနီးယား ဘောလုံးအဖွဲ့ချုပ်ကတော့ ပေါင် ၂၁၅၄၁ ဒဏ်ငွေပေးဆောင်ရမှာ ဖြစ်ပါတယ်။

ဂိုးအနောက်ဘက် ပွဲကြည်စင်မှာ ပရိသတ်တွေအကြား အချင်းများတဲ့ အတွက် ရဲတပ်ဖွဲ့တွေက ၀င်ရောက် ဖြန်ဖြေပေးခဲ့ရပါတယ်။

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/118167

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment