မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 15, 2015

အာဆင်နယ် အိမ်ကွင်းလက်မှတ်ဈေးနှုန်း ကြီးမြင့်မှု ဘိုင်ယန် ပရိသတ်များ ဆန္ဒပြမည်




အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ရဲ့ အိမ်ကွင်း လက်မှတ် ဈေးနှုန်း ကြီးမြင့်မှုကို ဂျာမနီ ဘွန်ဒစ်လီဂါက ဘိုင်ယန်မြူးနစ် ပရိသတ်တွေ ဆန္ဒပြဖို့ စီစဉ်နေ ပါတယ်။

လာမယ့်သီတင်းပတ် အာဆင်နယ် အိမ်ကွင်းမှာ ကစားမယ့် ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ပွဲစဉ် အတွက် လက်မှတ်ဈေးနှုန်းက ၆၄ ပေါင်ထက် ကျော်လွန် နေပြီး ပွဲကစားတဲ့နေ့မှာ ၀ယ်ယူရင် ၉၇ ပေါင်နဲ့ အမြင့်ဆုံး ဖြစ်နေ ပါတယ်။

ဆန္ဒပြတဲ့အနေနဲ့ ပွဲအစ ၅ မိနစ်မှာ ဘောလုံးကွင်းထဲကို ၀င်မှာမဟုတ်ဘူးလို့ ဘိုင်ယန်မြူးနစ်အသင်း အားပေးတဲ့သူတွေက ပြောပါတယ်။

အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးကတော့ တန်ဖိုးရှိအောင် ပံ့ပိုးပေးဖို့က သူ့အလုပ်ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

အဝေးကွင်းပွဲစဉ်တွေမှာတော့ အာဆင်နယ်အသင်း လက်မှတ်ဈေးနှုန်းကတော့ ၂၆ ပေါင်ကနေ ၆၄ ပေါင် ရှိနေပါတယ်။

အာဆင်နယ်အသင်းရဲ့ တရာသီစာ လက်မှတ်ဈေးနှုန်းကတော့ ၁၀၁၄ ကနေ ၂၀၁၃ ပေါင် အထိ ရှိနေပါတယ်။

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/116762


No comments:

Post a Comment