မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 15, 2015

ပလာတီနီ ကို ထောက်ခံရေး ဥရောပ ဘောလုံးအဖွဲ့ချုပ်တွင် သဘောထားကွဲလွဲ




ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ နေရာ အတွက် ကြိုးစား လျှောက်ထားတဲ့ ဥရောပ ဘောလုံး အဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) ဥက္ကဋ္ဌ ပလာတီနီကို ထောက်ခံရေး ယူအီးအက်ဖ်အေ အတွင်းမှာ သဘောထား ကွဲလွဲနေ တယ်လို့ ဆိုပါတယ်။

ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာ ၂၀၁၁ ခုနှစ်က ငွေကြေးဆိုင်ရာ ကိစ္စတွေနဲ့ စုံစမ်းစစ်ဆေးခံနေရပြီး ဘလတ္တာက ပလာတီနီကို ပေါင် ၁ ဒသမ ၃၅ သန်း ပေးခဲ့တဲ့ ကိစ္စကိုလည်း မေးခွန်းထုတ်ခံနေရပါတယ်။

အောက်တိုဘာ ၁၅ ရက်က ယူအီးအက်ဖ်အေ အဖွဲ့ဝင် ၅၄ နိုင်ငံကလည်း ဒီကိစ္စကို တွေ့ဆုံဆွေးနွေးခဲ့ပြီး အငြင်းပွားဖွယ်ရာ ကိစ္စတွေကို အမြန်ဆုံး ရှင်းရှင်းလင်းလင်း လုပ်ဆောင်ဖို့ ထုတ်ပြန်ပါတယ်။

သြစတြီးယား ဘောလုံးအဖွဲ့ချုပ် အကြီးအကဲကတော့ နိုင်ငံ ၅၄ နိုင်ငံလုံးက ပလာတီနီကို ထောက်ခံတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ဒါပေမယ့်လည်း ပလာတီနီကို ထောက်ခံတဲ့သူနဲ့ နောက်အစီအစဉ်တခုကို စဉ်းစားလိုသူတွေ အကြားမှာ ကွဲလွဲမှုတွေ ရှိနေတယ်လို့ ယူအီးအက်ဖ်အေ သတင်းရင်းမြစ်ကို ကိုးကားပြီး ဘီဘီစီသတင်းက ရေးပါတယ်။

နယ်သာလန် ဘောလုံးအဖွဲ့ချုပ် အကြီးအကဲကတော့ ပလာတီနီအပြင် တခြားတယောက်ကို စဉ်းစားချင်သလို အောက်တိုဘာ ၁၉-၂၀ မှာ တခြား ဘောလုံးအဖွဲ့ချုပ်ဝင်တွေနဲ့ အစည်းအဝေးမှာ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/116772


No comments:

Post a Comment