မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 15, 2015

ဘောလုံးအဖွဲ့ချုပ် ဒဏ်ငွေ ရှက်ဖွယ်ဖြစ်ဟု မော်ရင်ဟို ပြော



ဓာတ်ပုံ - ပီအေ

အင်္ဂလန် ဘောလုံး အဖွဲ့ချုပ်ရဲ့ ဒဏ်ငွေ ပေါင် ၅၀၀၀၀ ပေးဆောင်ဖို့ ချမှတ် လိုက်တာဟာ ရှက်စရာကောင်းတဲ့ ဖြစ်ရပ်လို့ ပရီးမီးယားလိဂ် ချဲလ်ဆီး အသင်းနည်းပြ မော်ရင်ဟိုက ပြောပါတယ်။

ဆောက်သမ်တန်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ အပြီးမှာ တာဝန်ရှိ သူတွေက ချဲလ်ဆီး အသင်းကို ပယ်နယ်တီပေးဖို့ ကြောက်ရွံ့တယ်ဆိုပြီး ဒိုင်တွေကို ဝေဖန်ခဲ့လို့ ဒဏ်ငွေ ပေးဆောင်ဖို့ ချမှတ် လိုက်တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁၄ ရက်က ချမှတ်လိုက်တဲ့ ဒီပြစ်ဒဏ်တွေထဲမှာ မော်ရင်ဟိုက ချဲလ်ဆီးအသင်းကို ကြီးကြပ်ခွင့်တပွဲ ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။

“ပေါင် ၅၀၀၀၀ က ရှက်စရာပါ၊ ကွင်းထဲမှာ ကြီးကြပ်ခွင့် ပိတ်ပင်ခံရတာကတော့ အံ့သြစရာပါ” လို့ မော်ရင်ဟိုက တုံ့ပြန်ပါတယ်။

အရင်လကလည်း ကလပ်အသင်း ဆရာဝန် အီဗာ ကာနီရီယိုကိုအပေါ် ခွဲခြားတဲ့ မှတ်ချက်စကားနဲ့ ပတ်သက်လို့တော့ ဘောလုံးအဖွဲ့ချုပ်က စွဲဆိုခဲ့ခြင်း မရှိပါဘူး။

အရင်နှစ်ကလည်း ဒိုင်တွေကို လွှမ်းမိုးအောင် စည်းရုံးလှုပ်ရှားမှု ရှိတယ်ဆိုတဲ့ ပြောဆိုချက်ကြောင့် မော်ရင်ဟို စွဲချက်တင်ခံခဲ့ရပါတယ်။

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/116779


No comments:

Post a Comment