ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ရဲ့ ဥက္ကဋ္ဌ ရွေးချယ်ပွဲမှာ ၀င်ပြိုင်ဖို့အတွက် အာရှဘောလုံးအဖွဲ့ချုပ် (အေအက်ဖ်စီ) ဥက္ကဋ္ဌကလည်း စာရင်းပေးလိုက်ပြီလို့ ဘာရိန်းသတင်းအေဂျင်စီက ဖော်ပြပါတယ်။
အေအက်ဖ်စီဥက္ကဋ္ဌ ရှိတ် ဆယ်လ်မန် ဘင် အီဘရာဟင် အယ်လ် ခါလီဖာ (Sheikh Salman bin Ibrahim Al Khalifa) ဟာ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့က တင်လိုက်ပြီလို့ ဆိုပါတယ်။
ရှိတ် ဆယ်လ်မန်ဟာ အရင်က ယူအီးအက်ဖ်အေဥက္ကဋ္ဌ ပြင်သစ်ဘောလုံးသမားဟောင်း ပလာတီနီ (Platini) ကို ထောက်ခံခဲ့သူ ဖြစ်ပါတယ်။
ဒါပေမယ့် ၂၀၁၁ ခုနှစ်က ဖီဖာဥက္ကဋ္ဌ ဘလတ္တာ (Blatter) နဲ့ ဒေါ်လာ ၂ သန်းကျော် အပေးအယူကိစ္စနဲ့ ပတ်သက်လို့ ဖီဖာ ကျင့်ဝတ်ကော်မတီက ပလာတီနီကို ရက် ၉၀ ပိတ်ပင်ထားပါတယ်။
ဖီဖာဥက္ကဋ္ဌ ရွေးချယ်ရေးပြိုင်ပွဲမှာ ဂျော်ဒန်မင်းသား အလီ ဘင် ဟူစိန် (Ali bin al-Hussein) လည်း ၀င်ပြိုင်ဖို့ စာရင်းပေးထားပါတယ်။
တောင်အာဖရိကနိုင်ငံက အသားအရောင်ခွဲခြားတဲ့ ခေတ်က နိုင်ငံရေးအကျဉ်းသား၊ လက်ရှိ စီးပွားရေးသမား တိုကျို ဆက်ဝေး (Tokyo Sexwale) ကလည်း တောင်အာဖရိက ဘောလုံးအဖွဲ့ချုပ်ရဲ့ ကျောထောက်နောက်ခံနဲ့ ၀င်ပြိုင်မယ်လို့ ကြေညာထားပါတယ်။
ဒါ့အပြင် ထရီနီဒက် တိုဘာဂိုနိုင်ငံ ကစားသမားဟောင်း ဒေးဗစ် နစ်ကစ် (David Nakhid) ကလည်း စာရင်းတင်ထားတယ်လို့ ဆိုပါတယ်။
ဘရာဇီးဘောလုံးသမား ဇစ်ကို (Zico) ကလည်း ၀င်ပြိုင်ချင်တယ်လို့ ထုတ်ပြောထားပေမယ့် လျှောက်လွှာတင်ထားသလား ဆိုတာကတော့ မသေချာပါဘူး။
by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/118741
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |
No comments:
Post a Comment