မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, October 13, 2015

အလိုအလျောက် ခြေစစ်ပွဲအောင်သွားသည့် ခရိုအေးရှား (ရုပ်သံ)




အုပ်စု ဇ တတိယ နေရာမှာ ရပ်တည် နေတဲ့ ခရိုအေးရှားဟာ မာလ်တာကို အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဒုတိယနေရာ ကနေ အလို အလျောက် ခြေစစ်ပွဲ အောင်သွား ပါတယ်။

ပွဲမကစားမှီ ဒုတိယ နေရာက နော်ဝေ အသင်းနဲ့ ၂ မှတ် ကွာပြီး ခရိုအေးရှားက တတိယ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အီတလီက နော်ဝေကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတဲ့အတွက် ခရိုအေးရှားက ဒုတိယနေရာကိုရောက်လာပြီး ခြေစစ်ပွဲအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ခရိုအေးရှားက ပထမပိုင်း ၂၅ မိနစ်မှာ အနိုင်ဂိုးသွင်းယူသွားပါတယ်။ ဒီပွဲမှာ ခရိုအေးရှား အသင်းက ဘောလုံးပိုင်ဆိုင်မှု ၆၉ ရာခိုင်နှုန်းအထိရှိခဲ့ပါတယ်။

အစောပိုင်းခြေစစ်ပွဲတုန်းက ဘောလုံးကွင်းထဲမှာ စကြာအမှတ်အသားကို အသုံးပြုခဲ့တဲ့ အတွက် ခရိုအေးရှားအသင်းဟာ အုပ်စုပွဲစဉ်မှာ အမှတ်နုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။



DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/116415


No comments:

Post a Comment