မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, October 13, 2015

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်ပွဲတွင် မြန်မာက လာအိုကို အနိုင်ရ




ထိုင်းနိုင်ငံ ဘန်ကောက်မှာ အောက်တိုဘာ ၁၃ ရက်နေ့က ယှဉ်ပြိုင် သွားတဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အာရှဇုန်ပွဲမှာ မြန်မာ့ လက်ရွေးစင် အသင်းက လာအိုကို ၃ ဂိုး ၁ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

မြန်မာက ၄-၂-၃-၁ ပုံစံ ကစားကွက် အတိုင်း ပွဲထွက် လာပြီး ပွဲအစ ၂ မိနစ်မှာ လာအိုက မထင်မှတ်ဘဲ ဦးဆောင်ဂိုး သွင်းယူ ပါတယ်။ မြန်မာ အတွက် ချေပဂိုးကို ၁၃ မိနစ်မှာ ဆမ်လန်မန်က လာအို နောက်တန်း သမားတွေ ကြားထဲကနေ အနိမ့်ဘော ကန်သွင်း ယူပါတယ်။

ချေပဂိုး ရပြီးနောက်ပိုင်း ကစားပုံ ကောင်းလာတဲ့ မြန်မာအသင်းဟာ လာအိုအသင်းကို ဖိအားပေး ကစားနိုင်ခဲ့ပြီး ဒုတိယဂိုးကို ၃၂ မိနစ်မှာ ကျော်ကိုကို၊ တတိယဂိုးကို အောင်သူက သွင်းယူပြီး အနိုင်ရ သွားပါတယ်။

မြန်မာအသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ပထမဆုံး အနိုင်ရတာ ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ မြန်မာအသင်း ကစားပုံက ပြီးခဲ့တဲ့ ၂ ပွဲစလုံးမှာ သိသိသာသာ ကောင်းလာပေမယ့် အဆုံးသတ် သေချာဖို့ လိုနေသေးတယ်လို့ နည်းပြ အဗာရာမိုဗစ်ခ်ျက ပြောပါတယ်။

လောလောဆယ် မြန်မာအသင်းက အုပ်စု (ဂျီ)မှာ ၅ ပွဲကစား ၁ ပွဲနိုင်၊၁ ပွဲ သရေ၊ ၃ ပွဲရှုံး ရမှတ် ၄မှတ်နဲ့ အဆင့် ၄မှာ ရပ်တည်နေပါတယ်။




ဓာတ်ပုံ – Myanmar Football Federation

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/116397


No comments:

Post a Comment