မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 16, 2015

ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ဆုများကို ချီးမြှင့်




စက်တင်ဘာလ အတွက် ပရီးမီးယားလိဂ်ရဲ့ တစ်လတာ အကောင်းဆုံး ဆုတွေ ကိုတော့ မန်ယူရဲ့လူငယ် တိုက်စစ်မှူး Martial နဲ့ စပါးနည်းပြ Mauricio Pochettino က အသီးသီး ရယူနိုင် ခဲ့ကြ ပါတယ်။

Martilal ဟာ သူ့ရဲ့ ပထမဆုံး တစ်လတာ အကောင်းဆုံးဆုကို ရယူနိုင်ခဲ့တာပါ။

Martial ဟာ ပွဲဦးထွက်ပွဲစဉ်ဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်မှာ အနိုင်ဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး နောက်တစ်ပွဲဖြစ်တဲ့ ဆောက်သမ်တန်အသင်းကို သုံးဂိုး နှစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာတော့ အရေးပါတဲ့ အနိုင်ဂိုးနှစ်ဂိုးကို သွင်းယူနိုင်ခဲ့တာပါ။

ဒီလူငယ်တိုက်စစ်မှူးဟာ ထက်မြက်တဲ့ ခြေစွမ်းတွေကြောင့် အသင်းဖော် Daley Blind,ဝက်ဒ်ဖို့ တိုက်စစ်မှူး Odion Ighalo, တော့တင်ဟမ် ဂိုးသမား Hugo Lloris, ဝက်စ်ဟမ်းကွင်းလယ်လူ Dimitri Payet နဲ့ လက်စတာ တိုက်စစ်မှူး Jamie Vardyတို့ကိုကျော်ဖြတ်ရရှိခဲ့တာပါ။ သူဟာ အသင်းနဲ့ လျင်လျင်မြန်မြန်ပဲ အံဝင်ခဲ့တာကြောင့် အခုလို တစ်လတာ အကောင်းဆုံး ဆုချီးမြှင့်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ ပရိသတ်တွေက မဲပေးချီးမြှင့်ခဲ့တဲ့ ကစားသမားဆုကိုတော့ Mata ရဲ့ ကျော်ဖြတ်မှုကို ခံခဲ့ရပေမယ့် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုကိုတော့ ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ သူဟာ စက်တင်ဘာလအတွက် ချီးမြှင့်ခဲ့တဲ့ PFA Fans' Player of the Month ဆုကိုလည်း ဆွတ်ခူးရယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။



နည်းပြဆုကိုတော့ စပါးနည်းပြ Mauricio Pochettino က ဆွတ်ခူးခဲ့ပြီး ဆန်းဒါးလန်း ၊ ပဲလေ့စ် နဲ့ မန်စီးတီးတို့နဲ့ ကစားခဲ့ရတဲ့ သုံးပွဲလုံးကို အရယူပေးနိုင်ခဲ့တာကြောင့်လို့ သိရပါတယ်။

သူ့အတွက်တော့ နှစ်ကြိမ်မြောက်ရရှိခဲ့တာဖြစ်ပြီး ဆောက်သမ်တန်အသင်းနည်းပြအဖြစ်နဲ့ ၂၀၁၃ ဇန်နဝါရီလတုန်းက တစ်ကြိမ်ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

Original link - http://sports.thithtoolwin.com/2015/10/blog-post_16.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment