မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 16, 2015

စပါးနှင့် ကစားမည့် လီဗာပူးလ် ဒဏ်ရာ ပြဿနာ များနှင့် ရင်ဆိုင် နေရ



ရာသီကုန်အထိအနားယူရတော့မည့် Danny Ings (လယ်)

လီဗာပူးလ် အသင်းဟာ စပါး အသင်းနဲ့ ကစားမယ့် ပွဲစဉ် အတွက် လူစာရင်းမှာ ဒဏ်ရာရ ကစားသမား တွေများပြားလျက် ရှိတယ်လို့ သိရပါတယ်။ အသင်းရဲ့ အဓိက ကစားသမား အများ အပြားဟာ ကာလ ရှည် ဒဏ်ရာတွေ ရရှိနေ တာပါ။ နောက်ဆုံး ရတဲ့ သတင်းတွေ အရ အားထား ရတဲ့ ကစားသမား ဖြစ်တဲ့ Danny Ings ဟာလည်း အဆစ်တွေရဲ့ တွယ်ဆယ် အရွတ် ကြွက်သား ဒဏ်ရာကြောင့် ရာသီကုန် အထိ အနားယူ ရတော့မှာပါ။

သူဟာ ဒဏ်ရာရရချင်းမှာတော့ ဒူးအရွတ်ဒဏ်ရာလို့ ထင်မှတ်ခဲ့ပေမယ့် scan ဖတ်လိုက်တဲ့ အဖြေအရ ဒဏ်ရာကပြင်းထန်ပြီး ကာလရှည်အနားယူရမယ်လို့ သိခဲ့ရတာပါ။ တခြားအားထားရတဲ့ လူငယ်နောက်ခံလူ Joe Gomez ဟာလည်း အင်္ဂလန် ယူ-၂၁ ပွဲစဉ်မှာ အလားတူဒဏ်ရာမျိုးပဲရခဲ့တာပါ။ သူတို့နှစ်ဦးလုံးဟာ လာမယ့်အပတ်မှာ ခွဲစိတ်ကုသမှုခံယူမှာ ဖြစ်ပြီး ခြောက်လကနေ ကိုးလအထိ အနားယူရနိုင်တယ်လို့ သိရပါတယ်။

ဒါကြောင့် နည်းပြသစ် Klopp အတွက်တော့ ခေါင်းကိုက်စရာဖြစ်လာခဲ့ပါတယ်။ Klopp ရဲ့ ပွဲဦးထွက်မှာ ရင်ဆိုင်ရမယ့်အသင်းကလည်း အင်အားတောင့်တင်းတဲ့ စပါးအသင်းဖြစ်တာကြောင့် ပိုပြီးစိုးရိမ်စရာပါပဲ။ အသင်းခေါင်းဆောင်ဖြစ်တဲ့ Henderson ကလည်း ခြေထောက်ကျိုးဒဏ်ရာကြောင့် နိုဝင်ဘာလလယ်လောက်မှ ကစားနိုင်မယ်လို့ သိရပါတယ်။ နောက်ခံလူဖြစ်တဲ့ Jon Flanagan ဟာလည်း ခရစ္စမတ်ကာလလောက်မှ ပြန်ကစားနိုင်ဖွယ် ရှိနေတာပါ။

နွေရာသီမှာ ခေါ်ယူခဲ့တဲ့ အားထားရတဲ့ တိုက်စစ်ကစားသမား Benteke ကလည်း Klopp ရဲ့ ပွဲဦးထွက်မှာ မပါဝင်နိုင်ဖို့ သေချာသလောက်ရှိနေပြီး ဘရာဇီးကစားသမား Firmino ကလည်း ကျောဒဏ်ရာကြောင့် မပါဝင်နိုင်ဖူးလို့ သိရပါတယ်။
ဒါပေမယ့် နည်းပြ Klopp ကတော့ " ဒီကောင်လေးတွေအားလုံးဟာ ဘောလုံးကို ကောင်းကောင်းမွန်မွန် ကစားနိုင်တဲ့ သူတွေချည်းပါပဲ။ သူတို့ဟာ အတိတ်မှာ ဘယ်လိုကစားခဲ့သည်ဖြစ်စေ ပစ္စုပ္ပန်ကိုပဲ ကြည့်ရတော့မှာပါ။ အခုကျွန်တော်တို့ ရင်ကိုဖွင့်ပြီး အားသွန်ခွန်စိုက်ကစားရတော့မှာပါ။ တိုက်ခိုက်ကြပါ ၊ ကန်သွင်းကြပါ ၊ ကာကွယ်ကြပါ ၊ အားလုံးအတူတူပေါ့ " လို့ အသင်းကို အားပေးတပ်လှန့်စကားပြောသွားခဲ့ပါတယ်။

Original link - http://sports.thithtoolwin.com/2015/10/blog-post_17.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment