
Yaya Toure speaks during a news conference at the Etihad Stadium in Manchester, northern England February 17, 2014. REUTERS/Nigel Roddis/Files
အမြန် လမ်းမကြီးပေါ်မှာ ၁ နာရီကို ၁၀၁ မိုင်နှုန်း အထိသာ မောင်းခဲ့ တယ်လို့ အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ စီးတီး ကစားသမား ယာယာတိုးရေးက ပြောဆို လိုက်ပါတယ်။
မေ ၂၀ ရက် စတန်းဖိုဒ့် ရှိင်းယားမှာ သူရဲ့ ပေါ်ရှေးကားနဲ့ အရှိန်ပိုမောင်းနှင် ခဲ့တယ်လို့ အလယ်တန်းလူ တိုရေးကို စွပ်စွဲ ထားတာ ဖြစ်ပါတယ်။
တရားလိုတွေက ၁ နာရီ ၁၂၃ မိုင်နှုန်းမောင်နှင် ခဲ့တယ်လို့ ကန်နောက် တရားရုံးမှာ စွပ်စွဲထားပေမယ့် တိုရေးက ငြင်းဆို ထားပါတယ်။
ဒီဇင်ဘာ ၃ ရက်မှာ ဒီအမှုကို ဘာတွန် တရားရုံးမှာ တိုရေးက ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
တိုရေးအနေနဲ့ တရားရုံးကို တက်ရောက်ကြားနာစရာမလိုဘဲ သူရဲ့ ရှေ့နေကနေတဆင့် လျှောက်လဲရမှာ ဖြစ်ပေမယ့် သက်သေကိုတော့ တရားရုံးကို တင်ပြပေးမှာ ဖြစ်ပါတယ်။
DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/116951
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |

No comments:
Post a Comment