မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, October 17, 2015

အသင်းအမှတ်အသား ဒီဇိုင်း ပရိသတ်များနှင့် မန်စီးတီး ဆွေးနွေးမည်




အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ စီးတီး အသင်းက ပရိသတ်တွေနဲ့ ကလပ်အသင်း အမှတ်အသား ဒီဇိုင်းကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

၁၉၃၀ ခုနှစ် နောက်ပိုင်းမှာ စီးတီးအသင်း အမှတ်အသား ၃ ခု ရှိပြီး လက်ရှိ အသုံးပြုနေတဲ့ အမှတ် အသားဟာ ၁၉၉၇ ခုနှစ် ကတည်းက အသုံးပြုနေ သလို ဒီဇိုင်းပုံစံကို အသင်း ပရိသတ်တွေနဲ့ ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။

အမှုဆောင်အရာရှိ ဖာရန် ဆိုရီယာနိုကတော့ အမှတ်အသားက အသင်းရဲ့ အမွေအနှစ် အတွက် အဓိကကျသလို ကလပ်အတွက် စစ်မှတ်တဲ့ အမှတ်အသားအဖြစ် စဉ်းစားထားတဲ့ ပရိသတ်တွေရဲ့ အမြင်ကို မျှဝေဖို့ မျှော်လင့်နေတယ်လို့ ပြောပါတယ်။

အသင်းတံဆိပ်နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ကလပ်အသင်း ပရိသတ်တွေက ၄ ပတ် အချိန်ရရှိမှာလည်း ဖြစ်ပါတယ်။

၂၀၁၃-၁၄ ခုနှစ် အမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး ပရိသတ် ၂ သောင်းကျော်က အွန်လိုင်းကနေတဆင့် အသနားခံစာ လက်မှတ်ရေးထိုးခဲ့တဲ့ အတွက် အဲဗာတန်အသင်းက ပြန်တောင်းပန်ခဲ့ရဖူးပါတယ်။

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/116979

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment