မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, October 2, 2015

ပြိုင်ဘက် ကစားသမား ခြေထောက်ကို ချိုးသည့် ဘောလုံးသမား ထောင်ကျ



ထောင်ဒဏ် ချမှတ်ခံ ရသည့် နာသန်ကားလ်။ (ဓာတ်ပုံ - Manchester Evening News)

အင်္ဂလန်က တနင်္ဂနွေ aန့တိုင်း ယှဉ်ပြိုင် ကစားတဲ့ ဆန်းဒေးလိဂ် ပြိုင်ပွဲမှာ ကစားသမား တဦးက ပြိုင်ဘက် ကစားသမား တဦးရဲ့ ခြေထောက်ကို တက်နင်း ခဲ့ရာမှာ အပိုင်းပိုင်း ကျိုးသွားတဲ့ အတွက် ထောင်ဒဏ် ၁ နှစ် ချမှတ်ခံ ရပါတယ်။

မန်ချက်စတာ တရားရုံးက ဒီတိုက်ခိုက်မှု အတွက် အသက် ၂၄ နှစ်ရှိ နာသန်ကားလ်ကို ပြစ်ဒဏ် ချမှတ် လိုက်တာ ဖြစ်ပါတယ်။

အရင် သြဂုတ်လမှာ ကားလ်ရဲ့ အသင်းဖော်နဲ့ အသက် ၃၀ နှစ်အရွယ် စတူးဝပ် ပါဆင်တို့ စကားများ ခဲ့ပါတယ်။

ဒီနောက်မှာတော့ ဘောလုံးကန်နေရင်း ကားလ်က ပါဆင်ရဲ့ ခြေထောက်ကို ပစ်ထိုး ခဲ့ရာမှာ ညာဘက် ခြေချင်းဝတ် ၂ ပိုင်း ကျိုးသွား ခဲ့ပါတယ်။

ဒီနောက်မှာ အသင်းဖော်အတွက် အခုလို လုပ်လိုက်တာလို့ ကားလ်က ပြောပါတယ်။

ဒီနောက် ပါဆင် ခွဲစိတ်ခံရပြီး ဆေးရုံပေါ်မှာ သီတင်းပတ်များစွာ နေထိုင်ခဲ့ရပါတယ်။

ဒီဒဏ်ရာကြောင့် ပါဆင်ရဲ့ အလုပ်အကိုင်တွေ ထိခိုက်ခဲ့ရသလို မိသားစုကို ထောက်ပံ့နိုင်ခဲ့ခြင်း မရှိပါဘူး။

အသင်းဖော်တွေရဲ့ ရန်ပုံငွေ ရှာဖွေတဲ့ပွဲတွေနဲ့ အလှူငွေတွေအပေါ်ကို ပါဆင်က ဘ၀ရပ်တည်ရေးအတွက် မှီခိုခဲ့ရပါတယ်။

ကားလ်ကတော့ သူ့ရဲ့ လုပ်ဆောင်ချက်အပေါ်ကို နောင်တရခဲ့ခြင်း မရှိသလို ပါဆင်ကိုလည်း စကားလုံးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ဒီအတွက် အရေးယူဆောင်ရွက်ပြီး တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/114428

No comments:

Post a Comment