Getty Images
လန်ဒန် - ချယ်လ်ဆီး နည်းပြ မော်ရင်ဟိုသည် ကတ်ပီတယ်ဝမ်း ဖလားခေါ် လိဂ်ဖလားပွဲတွင် စတုတ်နှင့် ချယ်လ်ဆီးတို့ သရေ ကျခဲ့၍ ဖလားပွဲမှ ထွက်ခဲ့ရပြီး နောက် အသင်းမှလည်း ထွက်ခွာ ရနိုင်ခြေရှိသည့် ပရီးမီးယားလိဂ် နည်းပြ တစ်ဦး အဖြစ် ဘွတ်ကီဒိုင်ကြီးများ၏ လောင်းကြေးဖွင့်ခံ ရသည်။
ချယ်လ်ဆီးသည် စနေနေ့တွင် လီဗာပူးနှင့် အိမ်ကွင်းပွဲကစားရမည်ဖြစ်ပြီး ထိုပွဲတွင်လည်း ရလဒ် မကောင်းခဲ့ပါက အသင်းက လက်ခံနိုင်ဖွယ် မရှိတော့သည့် အနေအထားဖြစ်လာကာ ရာထူး မှ ပြုတ်နိုင်ခြေများလာ၍ ထိုသို့ လောင်းကြေးဖွင့်လာကြခြင်းဖြစ် သည်။ မော်ရင်ဟိုနှင့်ပတ်သက်၍ ပက်ဒီပါဝါက လောင်းကြေးဖွင့်ရာ တွင် ချယ်လ်ဆီးပရီးမီးယားလိဂ် သရဖူ ဆက်လက်ရရေး ၁ လေး ၅၀ လေး ပေးထားပြီး ထိပ်သီး လေးသင်းစာရင်းဝင်နိုင်ခြေကို ၄ လေး ၆ လေး ပေးထားသည်။
အထုတ်ခံရမည့် နောက် ထပ် ပရီးမီးယားလိဂ် နည်းပြအ ဖြစ် ၁၀ လေး ၁၁ လေးပေးထားပြီး လီဗာပူးကို အနိုင်ရရေး ၂၁ လေး ၂၀ လေးပေးထားသည်။
ပက်ဒီပါဝါသည် လီဗာပူးနှင့် နှစ်ပွဲရှိသော်လည်း နိုင်ပွဲမရသေးသည့် နည်းပြသစ် ဂျာဂန်က လော့ပ်ကိုလည်း ချယ်လ်ဆီးကို နိုင်၊ မနိုင် ကြေးပေးထားရာ ၁၃ လေး ၅ လေး (ငါးကျပ်လောင်း လျှင် ၁၃ ကျပ်ရမည်) ဟု သတ် မှတ်ထားသည်။
မော်ရင်ဟိုသည် ယခုရာသီ တွင် ပရီးမီးယားလိဂ်၌ချယ်လ်ဆီး ၏ ၁၀ ပွဲတွင် အနိုင်သုံးပွဲ၊ သရေ နှစ်ပွဲသာ ရထားပြီး ၁၁ မှတ်ဖြင့် ဇယား၌ အဆင့် ၁၅ ရှိနေသည်။
_Goal
Original link - http://www.7daydaily.com/story/49750
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |
No comments:
Post a Comment