မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 15, 2015

ပရိသတ် အချင်းများမှု အင်္ဂလန်နှင့် လစ်သူယေးနီးယားကို ဥရောပ ဘောလုံး အဖွဲ့ချုပ် စွဲချက်တင်




အောက်တိုဘာ ၁၂ ရက် ယူရို ၂၀၁၆ အင်္ဂလန်- လစ်သူယေးနီးယား ပွဲစဉ်မှာ ၂ ဖက် ပရိသတ်တွေ အကြား ရုန်းရင်း ဆန်ခတ် မှုတွေကြောင့် အင်္ဂလန်နှင့် လစ်သူယေး နီးယား ဘောလုံး အဖွဲ့ချုပ်ကို ဥရောပ ဘောလုံး အဖွဲ့ချုပ် (ယူအီးအက်ဖ်အေ)က စွဲချက်တင် လိုက်ပါတယ်။

လစ်သူယေးနီးယားမြို့တော် ဗေးနီးယစ်မှာ ကစားတဲ့ ပွဲမစတင်ခင် ဂိုးအနောက်ဘက်က ပွဲကြည်စင်မှာ ၂ ဖက်ပရိသတ်တွေ ခိုက်ရန် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အကြမ်းဖက်မှုအထိ မဖြစ်ပွားခင် ဒေသခံရဲတပ်ဖွဲ့က ၀င်ရောက် ဖြန်ဖြေခဲ့ရတယ်လို့ ဆိုပါတယ်။

အိမ်ကွင်းပရိသတ်တွေအတွက် ရည်ရွယ်ထားတဲ့ ပွဲကြည့်စင်နေရာကို အင်္ဂလန် အသင်းပရိသတ်တွေက ၀ယ်ယူခဲ့တာကလည်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားစေတဲ့ အကြောင်းရင်း တရပ် ဖြစ်ပါတယ်။

အောက်တိုဘာ ၂၂ ရက်မှာ ဒီဖြစ်ရပ်ကို ကြားနာစစ်ဆေးသွားမှာ ဖြစ်ပါတယ်။

အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ကတော့ ဒီဖြစ်ရပ်က အဖွဲ့ချုပ်ကနေ လက်မှတ်ဝယ်ထားတဲ့နေရာမှာ ဖြစ်ပွားတာ မဟုတ်ဘူးလို့ ထုတ်ပြန်ပါတယ်။

ဒီဖြစ်ရပ်ကို ယူအီးအက်ဖ်အေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်သလို ဖြစ်ရပ်မှာ ပါဝင်သူတွေကို ဖော်ထုတ်သွားဖို့ တာဝန်ရှိသူတွေကို တိုက်တွန်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

လစ်သူယေးနီးယား ဘောလုံးအဖွဲ့ချုပ်ကိုတော့ လက်မှတ်နဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ပြီး ပွဲကြည်စင်က လှေကားတွေ ပိတ်ဆို့တဲ့အတွက် ယူအီးအက်ဖ်အေက စွဲဆိုထားပါတယ်။

ဒီပွဲမှာ အင်္ဂလန်က လစ်သူယေးနီးယားကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/116570


No comments:

Post a Comment