မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 15, 2015

၂၀၀၈ နောက်ပိုင်း အမြတ်အစွန်း မန်စီးတီး ကြေညာ



ဓာတ်ပုံ - Mancity

၂၀၀၈ ခုနှစ် နောက်ပိုင်း အင်္ဂလန် ပရီးမီးယားလိဂ်က မန်ချစ်စတာ စီးတီးကို ရှိုက်မန်ဆာ ၀ယ်ယူပြီး တဲ့နောက် ပထမဆုံး အကြိမ် အကျိုး အမြတ်တွေကို ကြေညာ လိုက်ပါတယ်။

၂၀၁၄-၁၅ ဘောလုံး ရာသီမှာ ပေါင် ၁၀.၇ သန်း အကျိုး အမြတ် ရတယ်လို့ နှစ်ပတ်လည် ဘဏ္ဍာရေး ကိန်းဂဏန်း တွေက ဖော်ပြ တယ်လို့ ဆိုပါတယ်။

ဥရောပ ဘောလုံး အဖွဲ့ချုပ်ရဲ့ ငွေကြေးဆိုင်ရာ မျှမျှ တတ လုပ်ဆောင်ဖို့ လုပ်ထုံး လုပ်နည်းတွေကို သတ်မှတ်စံ မမှီတဲ့ အတွက် ဒဏ်ကြေး ၁၆ သန်း ပေးဆောင်ဖို့ ရှိနေပေမယ့် အကျိုးအမြတ်ရှိ နေတယ်လို့ ဆိုပါတယ်။

၂၀၁၃-၁၄ ဘောလုံးရာသီမှာတော့ ပေါင် ၂၂.၉ သန်း အရှုံးပေါ်ခဲ့ပေမယ့် ၇ နှစ်ဆက်တိုက် ၀င်ငွေ တိုးတက်ခဲ့ပြီး ပေါင် ၃၅၁ သန်းထိ ရှိနေပါတယ်။

လိဂ်ကလပ်ပြိုင်ပွဲကနေ စောစောစီးစီးထွက်ခဲ့ရသလို လက်ရှိလုပ်ဆောင်နေတဲ့ ဘောလုံးကွင်း ပြင်ဆင်မှုတွေကြောင့် အရင်ရာသီက ၀င်လျော့နည်းခဲ့ပေမယ့်လည်း အသင်းတန်ဖိုးက ပေါင် ၆၇၆ သန်းရှိတယ်လို့ မန်စီးတီးက ဆိုပါတယ်။

ဒါအပြင် လုပ်ခ လစာတွေကိုလည်း ၂၀၁၃-၁၄ ဘောလုံးရာသီမှာ ပေါင် ၂၀၅ သန်း သုံးရာကနေ လက်ရှိ ပေါင် ၁၉၃.၅ သန်းကို လျော့ချနိုင်ပြီ ဖြစ်ပါတယ်။

အဘူဒါဘီ တော်ဝင်မိသားစုဝင် မန်ဆာရဲ့ ပိုင်ဆိုင်မှုအောက်မှာ မန်စီးတီးက အရင်ဘောလုံး ရာသီ ၆ ခုက ပေါင် ၅၈၃ သန်းအထိ ရှုံးခဲ့ပါတယ်။

မန်ဆာမိသားစုရဲ့ နိုင်ငံရပ်ခြားမှာရှိတဲ့ ပိုင်ဆိုင်မှုက ပေါင် ၆၄၈ ဘီလီယံ အထိရှိနေပါတယ်။

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/116582


No comments:

Post a Comment