
ဓာတ်ပုံ - ရိုက်တာ
မန်ချက်စတာ ယူနိုက်တက် အသင်း ဂိုးသမား ဗစ်တာ ဗယ်ဒက်စ်ဟာ လာမယ့် ဇန်န၀ါရီလမှာ အသင်းပြောင်း တော့မှာ ဖြစ်တယ်လို့ အေဂျင့် ဖြစ်သူက ပြောပါတယ်။
ဘာစီလိုနာ ဂိုးသမားဟောင်း ဗယ်ဒက်စ်ဟာ မန်ယူကို လွန်ခဲ့တဲ့ ၁၀ လတုန်းက ပြောင်းရွှေ့ ခဲ့ပေမယ့် အသင်း အတွက် ၂ ပွဲသာ ကစားခွင့် ရထား ပါတယ်။
စပိန် လက်ရွေးစင် ဂိုးသမား ဗယ်ဒက်စ်ဟာ နည်းပြ ဗန်ဂါးနဲ့ အဆင် မပြေ ဖြစ်နေလို့ တူရကီ ကလပ် ဘီဆစ်တက်ကို ပြောင်းဖို့ ကြိုးစား ခဲ့ပေမယ့် အဆင်မပြေ ခဲ့ပါဘူး။
အေးဂျင့်ဖြစ်သူကတော့ လာမယ့် ဇန်န၀ါရီမှာ ပြောင်းဖို့ အခွင့်အရေးလာလိမ့်မယ်လို့ ပြောပါတယ်။
သူဟာ မန်ယူနဲ့ လာမယ့် ဘောလုံးရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်မှာ ဖြစ်ပါတယ်။
ဂိုးသမား ဗယ်ဒက်စ်ဟာ ဘာစီလိုနာမှာ ကစားခဲ့တဲ့ ၁၂ နှစ် ကာလအတွင်း လာလီဂါ အမှတ်ပေးလိဂ် ၆ ကြိမ်၊ ချန်ပီယံလိဂ် ၃ ကြိမ်နဲ့ စပိန်ဖလား ၂ ကြိမ် ရရှိခဲ့ပါတယ်။
DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/116589

No comments:
Post a Comment