
၂၀၁၈ ကမ္ဘာဖလား ခြေစစ်ပွဲ အဖြစ် ပီရူးနိုင်ငံ လီမာမှာ ကစားတဲ့ ပွဲမှာ ချီလီက ပီရူး အသင်းကို ၄ ဂိုး ၃ ဂိုးနဲ့ အနိုင် ရရှိ သွားပါတယ်။ ဒီပွဲမှာ အာဆင်နယ် အသင်း တိုက်စစ်မှူး ဆန်းချက်ဇ်က ပထမပိုင်း ၇ မိနစ်မှာ အဖွင့်ဂိုး သွင်းယူ ခဲ့ပါတယ်။
၁၀ မိနစ်မှာ ပီရူးက ချေပဂိုး ပြန်လည် သွင်းယူ သွားပါတယ်။ ချေပဂိုး သွင်းပြီး တဲ့နောက် ပီရူးအသင်း ကစားသမား တဦး အထုတ် ခံခဲ့ရတာဟာ ပွဲအဖြေကို ပြောင်းလဲ သွားစေပါတယ်။
၃၅ မိနစ်မှာ ပီရူး အသင်းက ပင်နယ်တီ ကနေ တဆင့် ဒုတိယဂိုး သွင်းယူပေမယ့် ၄၁ မိနစ်မှာ ချီလီအသင်းက ချေပဂိုး ပြန်သွင်း ယူပါတယ်။ ၄၃ မိနစ်မှာ ဆန်းချက်ဇ်က ဂိုးထပ်မံသွင်းယူခဲ့လို့ ပထမပိုင်းအပြီး ချီလီက ၃ ဂိုး ၂ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။
ဒုတိယပိုင်း ၄၈ မိနစ်မှာတော့ ချီလီအသင်းက တဂိုး ထပ်မံသွင်းယူခဲ့ပြီး ပွဲကို ဦးဆောင်ခဲ့ပါတယ်။ ၉၂ မိနစ်မှာတော့ ပီရူးအသင်းက ထပ်မံဂိုးသွင်းယူသွားပါတယ်။
၂ ဖက်အသင်းတွေ ဂိုးတွေ အပြန်အလှန်သွင်းယူခဲ့လို့ ကြည့်ကောင်းတဲ့ ပွဲတပွဲလည်း ဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ ချီလီအသင်းက ဆန်းချက်ဇ် ခြေစွမ်းပြကစားသွားနိုင်ပါတယ်။
DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/116624

No comments:
Post a Comment