
Real Madrid's manager Jose Mourinho watches the warmup before the Champions League Group D soccer match against Manchester City at The Etihad Stadium in Manchester, northern England, November 21, 2012. REUTERS/Darren Staples
ဒိုင်လူကြီးတွေ အပေါ် ပြောဆိုတဲ့ မှတ်ချက် စကားကြောင့် ချဲလ်ဆီး အသင်းနည်းပြ မော်ရင်ဟိုကို အင်္ဂလိပ် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) အရေးယူ ဒဏ်ခတ် လိုက်ပါတယ်။
နည်းပြ မော်ရင်ဟိုက ဆောက်သမ်တန် အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးတဲ့ ပွဲမှာ ကွင်းလယ်ဒိုင်က သူ့အသင်းကို ပင်နယ်တီပေးဖို့ ကြောက်နေတယ် ဆိုပြီး ပြောဆို ခဲ့တာပါ။
ဒီစကားကြောင့် အက်ဖ်အေက ချဲလ်ဆီး နည်းပြကို ပွဲပယ် ၁ ပွဲနဲ့ ဒဏ်ငွေ ပေါင် ၅ သောင်းပေးဖို့ သတ်မှတ် ခဲ့ပါတယ်။
လက်ရှိ ချန်ပီယံ ချဲလ်ဆီးဟာ ဒီနှစ်ရာသီ အစမှာ ရလဒ်တွေ မကောင်းလို့ ကစားပြီးတဲ့ ၈ ပွဲမှာ ၈ မှတ်ရသေးပြီး အမှတ်ပေး ဇယားရဲ့ အဆင့် ၁၆ နေရာမှာ ရပ်တည်နေ ပါတယ်။
DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/116634

No comments:
Post a Comment