မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 15, 2015

အီကွေဒေါ ၂- ၀ ဘိုလီးဗီးယား ကမ္ဘာ့ဖလား ခြေစစ်ပွဲ (ရုပ်သံ)




၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဖြစ် အီကွေဒေါက ဘိုလီးဗီးယားကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ ရှိသွားတာ ဖြစ်ပါတယ်။

အီကွေဒေါမြို့တော် ကီတိုမှာ သည်းထန်စွာ ရွာသွန်းတဲ့ မိုးကြောင့် ကွင်းရေလွှမ်း ခဲ့ပြီး ပွဲက ရပ်ဆိုင်း မလို ဖြစ်ခဲ့ပါတယ်။ ဒီအခြေအနေက ပထမပိုင်းမှာ ကစားသမားတွေ အတွက် ကစားရ ခက်ခဲစေပါတယ်။

ဒုတိယပိုင်းက အခြေအနေက တိုးတက်လာခဲ့သလို အီကွေဒေါက ဂိုးရလုနီးပါးအခြေအနေတွေ ရရှိခဲ့ပေမယ့် အဆုံးသတ်ပိုင်းအားနည်းနေသလို ဘိုလီးဗီးယား ဂိုးသမား ကောင်းစွာ ကာကွယ်နိုင်တဲ့ အတွက် ဂိုးမရဖြစ်ခဲ့ပါတယ်။

တတိယပိုင်း ပွဲပြီးခါနီး မိနစ် ၈၀ ကျော် အီကွေဒေါအသင်းက ၂ ဂိုး ဆက်တိုက်သွင်းယူပြီး အနိုင်ရရှိသွားတာဖြစ်ပါတယ်။

၈၁ မိနစ်မှာ အီကွေဒေါက ပထမဂိုးသွင်းယူပြီး နာကျင်အချိန်ပိုမှာ ၁ ဂိုးထပ်မံ သွင်းယူသွားခဲ့ပါ တယ်။

ဒီအတွက် ခြေစစ်ပွဲမှာ အီကွေဒေါအသင်းက ၂ ပွဲကစား ၂ ပွဲ အနိုင်ရရှိထားတဲ့ အသင်းဖြစ်လာပါတယ်။


DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/116645


No comments:

Post a Comment