ကမ္ဘာ့လေဟုန်စီး အားကစား အဖွဲ့ချုပ်က ကျင်းပတဲ့ လေဟုန်စီး ပြိုင်ပွဲကို အောက်တိုဘာ ၁၇ ရက်နေ့က တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်မှာ ဒုတိယနေ့ အဖြစ် ဆက်လက် ကျင်းပပြီး ၁၂ နိုင်ငံက လေဟုန် စီးသူ ၁၆ ဦး ၀င်ရောက် ယှဉ်ပြိုင် ကြပါတယ်။
အမြင့်မီတာ ၁၄၀၀ ရှိတဲ့ တီရန်မန်တောင်ထိပ် ကနေ ခုန်ချပြီး ၁ ဒသမ ၇ ကီလိုမီတာ အကွာ အဝေးကို လေဟုန်စီး ခဲ့ကြရတာပါ။
အောက်တိုဘာ ၁၇ ရက်နေ့မှာ ပြိုင်ပွဲဝင် ၁၆ ဦးထဲက ထိပ်ဆုံး ၄ ဦးကို ရွေးချယ်ခဲ့ပြီး အောက်တိုဘာ ၁၈ ရက်နေ့ ဖိုင်နယ်ပွဲစဉ် ဆက်လက်ယှဉ်ပြိုင်ကြမှာပါ။
ထိပ်ဆုံး ၄ ဦး စာရင်းဝင်ခဲ့သူတွေကတော့ အမေရိကန်၊ နယ်သာလန်၊ သြစတြေးလျနဲ့ တောင်အာဖရိကနိုင်ငံသားတွေ ဖြစ်ကြပါတယ်။
လင်းနို့အတောင်ပံလို အထူးချုပ်ထားတဲ့ လေဟုန်စီးဝတ်စုံနဲ့ အမြင့်ကနေ ခုန်ချရတဲ့ ဒီ လေဟုန်စီး အားကစားနည်းဟာ ကမ္ဘာ့အန္တရာယ်အကြီးဆုံး အားကစားနည်းတနည်း ဖြစ်ပါတယ်။
အခုနှစ်ပြိုင်ပွဲဟာ တရုတ်နိုင်ငံမှာ ၄ ကြိမ်မြောက် ကျင်းပတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ချန်ပီယံကတော့ အခုထိပ်ဆုံး ၄ ဦးထဲ ၀င်ထားတဲ့ တောင်အာဖရိကနိုင်ငံသား ဖြစ်ပါတယ်။
DVB by ဒီဗွီဘီ
Original link - http://burmese.dvb.no/archives/117317
ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင် | လုပ်နိုင်ပါတယ်။ |
No comments:
Post a Comment